အပိုင်း (၁၁) မြန်မာပြည်မှ ကိုဗစ်-၁၉ : အမျိုးသမီးများရေးရာပိုင်း ထုတ်လွှင့်မှု

မြန်မာပြည်မှ ကိုဗစ်-၁၉ အခန်းဆက် ဒုတိယပိုင်းအဖြစ် အမျိုးသမီးများရေးရာ ထုတ်လွှင့်မှုကို ဆောင်ယူလာပါပြီ။ မကြာခဏဆိုသလို အကျပ်အတည်းကာလနှင့် ကမ္ဘာ့ဖြစ်ရပ်များ၏ အရေးကြီးသောအချိန်များတွင် သတင်းရေးသားခြင်းနှင့် ဝေဖန်သုံးသပ်သူ အမျိုးသားများ၏ အသံများသာ ဖြစ်နေတတ်သည်။ ဒီအချက်က ကြည်ညိုဖွယ် ဆရာတော်ကြီးများနှင့် အမျိုးသားတရားပြဆရာများ၏ဩဇာ လွှမ်းမိုးသော မြန်မာပြည်အတွက်ဆို သေချာပေါက် မှားတယ်လို့ မဟုတ်ပါဘူး။ ဒီအပိုင်းလေးမှာတော့ ဖြစ်ပွားနေတဲ့ ကပ်ရောဂါအပေါ် ဘယ်လိုတုံ့ပြန်နေသလဲဆိုတဲ့ သီလရှင်၊ အမျိုးသမီးယောဂီများ၏ ဖွင့်ဟချက်များကို ကျနော်တို့ မီးမောင်းထိုးပြသွားပါမည်။

Read More
အပိုင်း(၁၀) မြန်မာပြည်မှ ကိုဗစ်-၁၉ : ဗမာ့ရေးရာပိုင်း ထုတ်လွှင့်မှု

ကျနော်တို့ လုပ်ဆောင်နေတဲ့ မြန်မာပြည်မှ ကိုဗစ်-၁၉ အခန်းဆက် အသံထုတ်လွှင့်မှု အဖွင့်ပိုင်းအသစ် အနေဖြင့် ဗမာ့ရေးရာ ထုတ်လွှင့်မှု အနေနဲ့ တင်ပြထားပါသည်။ လက်ရှိ မြန်မာပြည်မှာ ရောဂါပျံ့နှံ့ ဖြစ်ပွားနေမှုအပေါ် ဒေသခံလေးဦးရဲ့ အမြင်များကို နားဆင်ရမှာ ဖြစ်ပါသည်။ ဒီအကျပ်အတည်းကို နားလည်ပြီးတုံ့ပြန်ဖို့ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုနှင့် ကျင့်စဉ်တို့က ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်ကူညီသလဲ ဆိုတာကို ပြောပြထားကြပါသည်။

Read More
အပိုင်း (၉) မြန်မာ့ဓမ္မမှတ်တမ်းများ - အင်ကြင်းပင်၌ ဆင်ခြင်တုံတရားရသွားခဲ့သော အတွေ့အကြုံ

ရန်ကုန်ရှိ Airbnb အခန်း၌ တည်းခိုခဲ့ပြီးနောက် မြန်မာပြည်မြောက်ပိုင်း အလှမ်းဝေးသော ဝေဘူ ဆရာတော်ကျောင်း တည်ရှိရာ အင်ကြင်းပင်ရွာလေးတွင် အာနာပါန ကမ္မဋ္ဌာန်းကို လေ့လာအားထုတ်ကာ ကိုယ့်ကိုယ်ကိုယ် တွေ့ရှိသွားသော ရန်လိုနေတတ်တဲ့ သောက်စားမူးယစ်သူတယောက်၏ ဇာတ်လမ်း။

Read More
အပိုင်း(၈) ဆွေဝင်း (သတင်းစာဆရာ၊ တက်ကြွလှုပ်ရှားသူ၊ ယောဂီ၊ နိုင်ငံရေး အကျဉ်းသားဟောင်း)

Myanmar Now ၏ လက်ရှိတည်းဖြတ်သူ ကိုဆွေဝင်းသည် အပြောင်းအလဲအတွက်ဆိုလျှင် အကြောက်တရားကင်းသော တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည်။ သူသည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်ပြီး အလွန့်အလွန် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေများကို ကြံ့ကြံ့ခံကာ အကျဉ်းထောင်ထဲတွင် တကိုယ်တည်းနေရခိုက် တရားဓမ္မကို ရှာတွေ့ခဲ့သူ ဖြစ်ပါသည်။ လက်ရှိတွင် ဆရာကြီး ဦးဂိုအင်ကာ၏ ဝိပဿနာနည်းအတိုင်း အားထုတ်လျက်ရှိပါသည်။

Read More
ဗုဒ္ဓဘာသာ ဗမာလူမျိုး၏ အခွင့်ထူးခံမှုကို သိမြင်ခြင်း

မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ဗမာလူမျိုးတစ်ဦး၏ အခြားတိုင်းရင်းသားလူမျိုးများနှင့် ဘာသာခြားများအပေါ် မိမိသဘောထားကို ပြန်လည်သုံးသပ်ခြင်း

Read More
အပိုင်း (၇) ဆရာလေး ခန္တီစာရီ ကိုလံဘီယာနိုင်ငံသူ ဗုဒ္ဓဘာသာ သီလရှင်

ဆရာလေး ခန္တီစာရီ၏ ဓမ္မခရီးစဉ် စတင်ရာ သူမ၏ဇာတိ ကိုလံဘီယာမှသည် တောင်အမေရိကားကို ဖြတ်သန်း၍ ဗမာပြည်သို့ ခြေမချမီ အိန္ဒိယအထိ ရောက်ရှိခဲ့ပါသည်။ ပထမဦးဆုံးသော တရားအရသာကို ဦးဂိုအင်ကာ၏ ဝိပဿနာ တရားစခန်းများမှ ခံစားရရှိခဲ့ပါသည်။ ထိုမှတဆင့် ဓမ္မမျိုးစေ့လေးများသည် ဆရာလေး လက်ရှိ သီတင်းသုံးကျင့်ကြံနေထိုင်ရာ ရွှေပြည်တော်၌ စတင် အမြစ်တွယ်နေပါပြီ။

Read More
အပိုင်း (၆) အရှင် သရဏ ရဟန်းတော်၊ ကမ္မဋ္ဌာန်းပြ ဆရာတော်၊ ပညာရှင်

အရှင်သရဏသည် မြန်မာပြည်တွင် ဆယ်စုနှစ် (၁) စုနီးပါး သီတင်းသုံးနေသော ချက်ခ်သမ္မတနိုင်ငံသား ရဟန်းတော် တပါးဖြစ်ပါသည်။ မြန်မာ၊ပါဠိ နှစ်ဘာသာ ကျွမ်းကျင်သော ဆရာတော်သည် နိုင်ငံသားများကိုရော နိုင်ငံခြားသားများကိုပါ တရားဟော တရားပြနေပြီး ရွှေပြည်တော်တွင် သီတင်းသုံးနေကြသော ရိုသေမြတ်နိုးခံရဆုံးသော နိုင်ငံခြားသား ရဟန်းတော်များထဲမှ တပါးလည်း ဖြစ်ပါသည်။

Read More
Shwe Lan Ga Lay