အပိုင်း (၉) မြန်မာ့ဓမ္မမှတ်တမ်းများ - အင်ကြင်းပင်၌ ဆင်ခြင်တုံတရားရသွားခဲ့သော အတွေ့အကြုံ


အခုထိ ကျနော်တို့၏ podcast များသည် ဧည့်သည်တဦးချင်းစီနှင့် ကြာရှည်ထိုင်ပြီး သူတို့၏ဘဝ၊ တရားကျင့်ခြင်းနှင့် ဗမာပြည်တွင်း အတွေ့ကြုံအလုံးစုံကို တွေ့ဆုံမေးမြန်းထားခဲ့ပြီး ဖြစ်ပါသည်။ အများသောအားဖြင့် ကျနော်တို့ဖိတ်ကြားသည့် ဧည့်သည်များနှင့် တွေ့ဆုံမေးမြန်းစဉ် သူတို့ မျှဝေသော ဆက်စပ်မိသမျှ သူတို့ကိုယ်ပိုင်ဇာတ်လေးတွေဆီ အာရုံစိုက်ကာ အချိန်ပေးခဲ့ကြသည်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့၏ သောတရှင်များအတွက် စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းများဟု ခံစားမိသောကြောင့် ဖြစ်ပါသည်။ ဒါကြောင့် ကိုယ်ရေးဇာတ်လမ်းလေးတွေကို မျှဝေရင်း  တမူကွဲပြားတဲ့အရာကို ကြိုးစားပြီး စီစဉ်တင်ဆက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ဒီ podcast လေးတွေကိုတော့ “မြန်မာ့ဓမ္မမှတ်တမ်းများ” လို့ ခေါင်းစဉ်ပေးထားပါသည်။   

Podcast တခုချင်းစီကို သီးခြားအကြောင်းအရာအနေနဲ့ ထုတ်လုပ်ထားသော်လည်း podcast များထဲမှ တူညီနေသော အကြောင်းအရာများကို စူးစမ်းလေ့လာရင်း အကျိုးများစွာရှိမယ်လို့ ကျနော်တို့ ခံစားမိပါသည်။ ဒီဓမ္မမှတ်တမ်းအသစ်များကို နားဆင်ပြီးပါက ဧည့်သည် အသားပေးသော အစောပိုင်း podcast များနဲ့ ရင်းနှီးပြီးသား သောတရှင်များအနေနဲ့  ထိုတွေ့ဆုံခန်းများမှ အာဘော်နဲ့ ဆက်စပ်အကြောင်းအရာများကို ဆင်ခြင်တွေးတောကာ ခံစားနိုင်လိမ့်မည်လို့ ကျနော်တို့ မျှော်လင့်ပါသည်။ ပြီးတော့ သင့်တော်တဲ့နေရာမှ ဇာတ်ကြောင်းလေးတွေ ခွဲထုတ်ပြသွားဖို့ နော်တို့အနေနဲ့ အာမခံလိုပါသည်။  

အဲ့ဒါနဲ့ အခုဒီဇာတ်လမ်းရဲ့ အဓိကကျတဲ့ အပိုင်းနဲ့ စကြစို့။ Joah စီစဉ်ထားသော ရန်ကုန်ကွန်ဒိုရှိ Airbnb အခန်းသို့ ဥရောပသား စီးပွားရေးသမားတဦိး လာရောက် တည်းခိုရာမှ စတင်ပါတော့သည်။ အကြောင်းမှာ Joah က သူ၏ Airbnb ကိုယ်ရေးအကျဉ်းတွင် တရားအားထုတ်ခြင်းနှင့် ပတ်သက်သော နောက်ကြောင်းများကို ဖော်ပြထားပြီး တည်းခိုလိုသူသည်လည်း ငါးပါးသီလ လုံခြုံရမည်ဟု စည်းကမ်း သတ်မှတ်ထားသည်။ တည်းခိုဖူးသူ အများစုမှာ ဒီလို သီးသန့်ပတ်ဝန်းကျင်ကို နေထိုင်လိုသောကြောင့် မိမိစိတ်ကြိုက် ရွေးချယ်ခဲ့သူများသာဖြစ်ပြီး ဒီတယောက်ကဖြင့် အဲ့လို မဟုတ်။  

မနက်ပိုင်း စာရင်းသွင်းပြီး ပြန်ထွက်သွားကာ ညမှပြန်ရောက်လာပြီး မယုံနိုင်လောက်အောင် မူးယစ်နေသည်မှာ ဦးခေါင်းမှ ခြေဖျားထိ ရွှဲစိုနေပြီး၊ အငှားကားဆရာနှင့်လည်း ရန်ဖြစ် စကားများ၊ Joah ၏ ဇနီးသည်ကိုလည်း တက်မက်သည့်အကြည့်ဖြင့် ကြည့်လျှက်၊ နောက်ဆုံး အမှိုက်ပုံးထဲ ခြေထိုးနင်းပြီး အိပ်ရာပေါ် ပစ်လှဲကာ သတိပါလစ်သွားခဲ့သည်။ သူတို့လည်း ပြောစရာစကားပင် မရှိလောက်အောင် အံ့ဩစိတ်ပျက်သွားပြီး ဘာလုပ်ရမှန်း မသိကြတော့။ နောက်နေ့တွင် နိုင်ငံခြားသား ရဟန်းတော်တပါး ကြွလာတဲ့အခါ Joah မှ သူတို့နှစ်ဦးကို စကားလက်ဆုံပြောစေပါသည်။ ဒီတချိန်မှာတော့ ဧည့်သည်က ရဟန်းတော်ကို မဝံမရဲဖြင့် သူ့မှာ အရက်စွဲ၍ လုံးချာလိုက်ကာ သေလုမြောပါးဖြစ်နေကြောင်း၊ Joah ၏ Airbnb မှ အထူးကြေငြာချက်ကို ကြည့်ပြီး အကူညီရလိုရငြား တည်းခိုဖို့ ရွေးချယ်ခဲ့ပါသည်ဟု ဝန်ခံပါသည်။ ဒါကိုကြည့်ပြီး Joah က တခြားရဟန်းတော်တပါး(ထိုစဉ်က ရဟန်းဝတ်နေသော Zach) ကို နောက်နေ့တွင် ပင့်ဖိတ်ပြီး အကူအညီ အထူးလိုအပ်နေသူအတွက် တရားဟောကြားပေးဖို့ စီစဉ်လိုက်ပါသည်။ 

ထိုဧည့်သည်သည် ဗုဒ္ဓဘာသာ အလေ့အကျင့်များကို လေ့လာဖို့ ဆန္ဒရှိကြောင်း၊ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုပါသည်။ နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးပြီးနောက် သူ့အတွက် ခြေလှမ်းစဖို့ အကောင်းဆုံးနေရာအဖြစ် အရှင်မဏ္ဍလ သီတင်းသုံးရာ ဝေဘူဆရာတော်ကျောင်း မြန်မာပြည်မြောက်ပိုင်း အင်ကြင်းပင် ရွာငယ်လေးကို ဆုံးဖြတ်ထားလိုက်ကြသည်။ သို့သော်လည်း လေးလေးနက်နက်အားထုတ်သော စာရိတ္တအားဖြင့် အဆင့်မြင့်မားသော နိုင်ငံခြားသားယောဂီများကိုသာ ကြိုဆိုဖူးသော ဘုန်းတော်ကြီး အရှင်မဏ္ဍလက တရားအားထုတ်ခြင်း၊ ဗုဒ္ဓဘာသာအခြေခံ မရှိသေးသော အရက်ပြင်းကျနေသူကို ဘုန်းကြီးကျောင်းက စောင့်ရှောက်လက်ခံမလား မသိရသေး။ ဒါပေမဲ့ အရှင်မဏ္ဍလကို လျှောက်ထားကြည့်တဲ့အခါ ဆရာတော်မှ လုံးဝ ခွင့်ပြုပါသည်။ 

အဲ့လိုနဲ့ အဓိကကတော့ ဧည့်သည်က ၂၄ နာရီလုံးလုံး အရက်မသောက်ဘဲ နေနိုင်ဖို့ အတော်လေး ခဲယဉ်းတဲ့အတွက် ရွာငယ်လေးရောက်သည်အထိ ကားပေါ်ကနေ မဆင်းစေရအောင် စီစဉ်လိုက်ကြသည်။ သူကားပေါ်ကနေ ဆင်းဖို့ အခွင့်အရေး မရနိုင်လောက်အောင် အကောင်ထည်ပေါ်ခဲ့ပါသည်။ သူ့ကို မန္တလေးသို့ ဘတ်စ်ကားဖြင့်ပို့ပေးပြီး ဆရာတော် ဦးမဏ္ဍလမှလည်း မန္တလေးသို့ ကားကြိုလွှတ်လိုက်သည်။ အလွန်ကို ရက်ရောလှသော ဆရာတော် ဦးမဏ္ဍလပင် ဖြစ်ပါသည်။ အင်ကြင်းပင်မှ မန္တလေးသို့ ကြာချိန် ၄ နာရီ ခရီးစဉ်ဖြစ်သည့် အားလျော်စွာ ပုံမှန်အားဖြင့် အင်ကြင်းပင်သို့ သွားလိုသော ယောဂီများသည် မန္တလေးမှ အနီးဆုံးမြို့လေးသို့ရောက်ရန်ပင် နောက်ကားတဆင့် ပြောင်းရသေးသည်။ ကျောင်းသို့ရောက်သော် ဆရာတော် ဦးမဏ္ဍလသည် ထိုအကူညီလိုအပ်နေသော သူစိမ်းအပေါ်သို့ မေတ္တာပြည့်ဝစွာ ဂရုစိုက်တော်မူသည်။ သူ၏ ပထမဆုံး ကမ္မဋ္ဌာန်း အလုပ်မှာ မနက် ၄ နာရီထရန်နှင့် ဘုန်းကြီးကျောင်းဝန်းအတွင်း တံမြက်စည်းလှဲရန် ဖြစ်သည်။ တံမြက်စည်းလှဲနေစဉ် ဝင်သက်ထွက်သက်ကို စတင်ပြီး ပေါ့ပေ့ါပါးပါး သတိထားစေခြင်း၊ ထို့နောက် တကြိမ်လျှင် မိနစ်ပိုင်းအနည်းငယ်ခန့်လောက်ဖြင့် အကြိမ်ကြိမ် တရားထိုင်စေခြင်းနှင့် နောက်ဆုံးမှာတော့ ပုံမှန် တရားထိုင်ခြင်း နှင့် အာနာပါန လေ့ကျင့်စေခြင်းတို့ဖြင့် ညွှန်ကြားခဲ့သည်။   

ထိုဧည့်သည်သည် သူခံစားနေရသော ဒုက္ခမှ လွတ်ရာလမ်း တကယ်ကြီး ရှိနေကြောင်း ပထမဦးဆုံးသော အသိတရားဖြင့် ရန်ကုန်သို့ ပြန်လာခဲ့သည်။ သူနှင့် ဆရာတော် ဦးမဏ္ဍလတို့သည် ဒီနေ့အထိ ရင်းနှီးသော ဆက်ဆံရေးရှိထားပြီး၊ ဝင်လေထွက်လေကို—စောင့်ကြပ်—ကြည့်ရှုဖို့ အချိန်လိုအပ်တဲ့အခါ ပြန်လာဖို့လောက်ထိ ခိုကိုးခဲ့ရတဲ့ အင်ကြင်းပင်ကို သူအလေးထားပါသည်။ 

ဇာတ်ကြောင်းတလျှောက် Zach နှင့် Joah တို့လည်း ဒီဇာတ်လမ်းထဲက သင်ခန်းစာများကို အချိန်ပေးပြီး ဆွေးနွေးထားပါသည်။ အများကြီးပါပဲ! “တရားအားမထုတ်ဖူးသူ”၊ “တရားအားထုတ်သူ”နှင့် “အလေးနက်ထားကာ တရားအားထုတ်သူ”၊ နောက်ပြီး အလွန်နည်းပါးသော လူဦးရေကိုသာ အများသောအားဖြင့် ဖြည့်ဆည်းပေးသော အဖွဲ့အစည်းများကြား အထင်းသား စည်းခြားထားသော အနောက်တိုင်း ဓမ္မအတွေ့အကြုံတွေကို ဒီဇာတ်လမ်းဖြင့် နှိုင်းယှဉ်ပြောထားပါသည်။ ယေဘုယျဆန်ပြီး အသွင်ပြောင်းရမလွယ်သော အနောက်တိုင်းမှ “အားလုံးအတွက် တစားတည်း” ဟူသော စံကို ဆန့်ကျင်သည့်အားလျော်စွာ တရားအားထုတ်သူသည် မည်သည့်အဆင့်အတန်းပင် ဖြစ်နေပါစေ မတူကွဲပြားသော ဘာသာရေး အတွေ့ကြုံများစွာကို ထောက်ပံ့ပေးနိုင်သော ရွှေပြည်တော်ကြီးရှိ အခွင့်အလမ်းများစွာကို အံ့ဩချီးမွမ်းခန်း ဖွင့်ထားပါသည်။ အနောက်တိုင်းမှ ဆရာကြီးများသည် အများသောအားဖြင့် “တံခါးမှူးများ” ကဲ့သို့ လုပ်ဆောင်တတ်ကြောင်း၊ မည်သည့်တပည့်တွေက မည်သည့် အတွေ့အကြုံ၊ သင်ရိုးများနှင့် ကိုက်ညီသည့် အရည်အချင်းရှိကြောင်း ဆုံးဖြတ်ပေးကြပြီး စင်စစ်အားဖြင့် မြန်မာပြည်တွင်ရနိုင်သော "ဓမ္ဓဘူဖေး"မှ ဘာသာရေးလွတ်လပ်မှုနှင့် ရင့်ကျက်မှုတို့က ပို၍အားကောင်းကြောင်း သူတို့ တွေ့ရှိရသမျှ ဆွေးနွေးထားပါသည်။