မင်းတပ် - "သူတို့ ငါ့ကိုအရင်ပစ်ရလိမ့်မယ်"

“ ဓါတ်ပုံတွေ၊ သတင်းတွေကို ဖတ်ရတဲ့အခါ ကျွန်တော်ကြေကွဲလွန်းလို့ မျက်ရည်ကျမိပါတယ်။ ကျွန်တော် မင်းတပ်နဲ့ချင်းပြည်နယ်ကို ၂၀၁၅ ထဲကအကြိမ် ၃၀ လောက်ရောက်ခဲ့ဖူးပါတယ်။ တကယ်ကို ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးသောအချိန်တွေ၊ အဓိပ္ပာယ်အရှိဆုံးသောတွေ့ဆုံမှုတွေ၊ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုအကောင်းဆုံး ကြုံခဲ့ရတဲ့ နေရာပါ။

အခုတော့ဗျာ...

ဒါပေမယ့် ကျွန်တော်အရှုံးမပေးဘူး။ နောက်မဆုတ်ဘူး။ ပစ်ချင်ရင် သူတို့ ကျွန်တော့်ကို အရင်ပစ် ရလိမ့်မယ်။ မင်းတပ်မြို့သူမြို့သားတွေ ကျွန်တော့်ဘဝကို အများကြီးပေးခဲ့တယ်။ ဒီကျေးဇူးတွေ အတွက် ကျွန်တော် အကူအညီပေးနိုင်သမျှကို ဆက်လက်ပေးသွားမှာပါ။”

Shwe Lan Ga LayComment