သင်၏လှူဒါန်းမှုက ကျောင်းတွေဆောက်ပေးနေပါတယ်

မိတ်ဆွေတို့ရဲ့ အလှူငွေတွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လီဆူးပညာရေးပရဟိတအဖွဲ့ကို ရောက်ပါပြီဆိုတာ ပြောခွင့်ရတဲ့အတွက် အထူးကြည်နူးရပါတယ်။ ဒီကျောင်းက မကြာသေးခင်က အလယ်တန်း၊ အထက်တန်းကလေးတွေအတွက်စတင်ခဲ့ပြီး ဒီလှူဒါန်းရံပုံငွေက ကျောင်းဆောက်လုပ်ရေး၊ ကုလားထိုင်၊ စားပွဲ အစရှိတာတွေဝယ်ယူဖို့အတွက် ဖြေ့စွက်ပေးသွားမှာ ဖြစ်ပါတယ်။

လီဆူးလူမျိုးတွေက မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ နေထိုင်တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ စစ်တပ်က အတင်းအဓမ္မအာဏာသိမ်းတဲ့အခါ လူမဆန်စွာ ရက်ရက်စက်စက် နှိပ်ကွပ်ခံခဲ့ရတဲ့ သူတွေလဲ ဖြစ်ပါတယ်။  လီဆူးဆရာများနှင့်ကျောင်းသားများက အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး ကျောင်းတွေကို သွားဖို့ ငြင်းဆန်ခဲ့ပါတယ်။ မိတ်ဆွေတို့ရဲ့ လှူဒါန်းငွေက ခလေးတွေရဲ့ ပညာရေး  ဒီမရေရာတဲ့အချိန် အမှောင်တိုက်အတွင်းမှာ ဆက်လက်ပညာသင်ယူနိုင်မဲ့ ကျေးလက်ပညာသင်ကျောင်းကလေးတွေ ဖြစ်ထွန်းလာဖို့ မစ်ရှင်မှာ အထောက်အကူပေးနေပါတယ်။

Shwe Lan Ga LayComment