သင်၏လှူဒါန်းမှုကိုအန္တရာယ်သတိထားနေရတဲ့နေရာတစ်ခုသို့ပေးပို့နိုင်ခဲ့

ကျွန်တော်တို့ရဲ့ ပရဟိတအဖွဲ့လေးက အထောက်အပံ့အရေးတကြီးလိုအပ်နေတဲ့ သူတစုကို တပတ်လုံးနီးပါး အချိန်ယူပေးပို့ခဲ့တာကို အောက်ပါ ဝမ်းသာစရာအစီရင်ခံစာနဲ့ ဓာတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။ အထူးအဖြင့် စစ်သားတွေစခန်းချနေတဲ့ နေရာနဲ့ နီးကပ်လွန်းလို့ အချိန်ယူရတာဖြစ်ပါတယ်။ သူတို့ ဒီရန်ပုံငွေတွေကို အလိုအပ်ဆုံးသူတွေဆီ ဘယ်လိုအသေးစိတ် အစီအစဉ်ဆွဲပြီး အောင်မြင်စွာ ပို့ပေးနိုင်ခဲ့တယ်ဆိုတာကို အောက်ဖော်ပြပါ ကောက်နှုတ်ချက်မှာ တွေ့နိုင်ပါတယ်။ အကြမ်းဖက်အာဏာလုစစ်တပ်က တနိုင်လုံးကို ကြောက်မက်ဖွယ်ခြိန်းခြောက်နေပြီး ထွက်ပြေးပုန်းအောင်းနေတဲ့ CDM ဝန်ထမ်းတွေနောက် ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေတဲ့အတွက် ဒီလိုရပ်ကွက်လူ့အဖွဲ့အစည်းလေးများစွာဟာ မရှုနိုင်မကယ်နိုင် အနေအထား တွေကို ရင်ဆိုင်နေရပါတယ်။ သူတို့ကို အထောက်အပံ့ပေးဖို့ကြိုးစားနေတဲ့ ပရဟိတအဖွဲ့တွေဟာလဲ အန္တရာယ်များစွာကြားမှာ လှုပ်ရှားနေရပါတယ်။ သူတို့အလှူငွေတွေ လိုအပ်တဲ့နေရာကို ပေးပို့နိုင်ခဲ့လို့ ကျွန်တော်တို့ အများကြီး ကျေးဇူးတင်ရသလို စာဖတ်သူများရဲ့  ရက်ရောစွာ လှူဒါန်းမှုကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်။

ဆက်လက်ထောက်ပံ့နိုင်သူများကို မေတ္တာရပ်ခံချင်တာကတော့ လက်ရှိရန်ပုံငွေ မဖြည့်ဆည်းနိုင်သေးတဲ့ အိမ်ထောင်စုများ ကျန်နေသေးတယ်ဆိုတာကိုပါ။ 


“ ကျွန်တော်တို့ရဲ့ ထောက်ပံ့ပေးကွန်ယက်ရဲ့ အစိတ်အပိုင်းတစ်ခုက CDM အစိုးရဝန်ထမ်းတွေကို ထောက်ပံ့မှုဖြစ်ပါတယ်။ ရန်ကုန်နယ်မြေက ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်းများနဲ့ တက်ကြွ လှုပ်ရှားသူများက မြို့ရဲ့ဘယ်နေရာမှာ အကူအညီအများဆုံးလိုအပ်နေတယ်ဆိုတာကို သိကြပါတယ်။ ကျွန်တော်တို့ရဲ့  Better Burma ကလှူဒါန်းငွေကြောင့် (ရက်အနည်းငယ်အတွင်း ဘဏ်ငွေလွှဲပြောင်းမှု လွယ်ကူစေတာအတွက် ကျေးဇူးတင်ရှိပါတယ်)  အစိုးရဆေးရုံတစ်ရုံဝန်းကျင်  ၀င်ငွေနည်းအိမ်ရာမှာ နေထိုင်တဲ့ မိသားစု ၃၅၀ ခန့်အတွက် အလွန်လိုအပ်နေတဲ့ အကူအညီတွေကို မြန်မြန်ဆန်ဆန် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။  ဒီမိသားစုတွေက အများအားဖြင့် လူနာအဆောင်စောင့်၊ သန့်ရှင်းရေးလုပ်သား စတဲ့အောက်ခြေအနိမ့်လခစား ဆေးရုံလုပ်သားတွေဖြစ်ကြပါတယ်။ တချို့က ဒီအလုပ်သမားတွေကို ဝန်ဆောင်ပေးနေတဲ့ ဆိုင်ခန်းကလေးတွေ၊ အငှားကားမောင်းသူတွေ ဖြစ်ပါတယ်။ တချို့က ဒီအိမ်တန်းလျားခနော်ခနဲ့တွေက အိမ်ခန်းခကို တပတ်တခါရှင်းခွင့်ပေးတဲ့အတွက် ဝင်ငွေသိပ်နည်းတဲ့ မိသားစုတွေအတွက် အနဲငယ်အသက်ရှူချောင်စေတဲ့အတွက် လာရောက်နေထိုင်ကြသူတွေဖြစ်ပါတယ်။

ပြည်သူ့ဆေးရုံရှိနေတာကြောင့် ဒီနေရာကို စစ်တပ်ကအနီးကပ်စောင့်ကြည့်နေတဲ့အတွက် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မတရားစစ်ကောင်စီကို CDM နဲ့တွန်းလှန်ဖို့ အလုပ်အကိုင်တွေကို စွန့်လွှတ်လိုက်ကြတဲ့ သူတွေအတွက် အထောက်အပံ့ရရှိဖို့ အခက်အခဲတွေ့နေပါတယ်။ ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ‘ ဒီနေရာကမိသားစုတွေ အကူအညီရဖို့ခက်ခဲတာက သူတို့နေရာကို စစ်တပ်ကဝိုင်းထားလို့’ လို့ရှင်းပြ ပါတယ်။  

ကျွန်တော်တို့ရဲ့ သတ္တိရှိစေတနာ့ဝန်ထမ်းလူငယ်တွေက ဒီနေရာကို  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်စောင့်ကြည့်နေကြပြီး မိသားစု ၃၅၀ ခန့်အတွက် ရိက္ခာထုပ်များ (မိသားစုဝင် လေးယောက်တစုအတွက် နှစ်ပတ်စာ) ကိုဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ ဖြစ်နိုင်သမျှ အမြန်ဆုံးနဲ့ လုံခြုံစိတ်ချစွာ ဝေနိုင်ဖို့အတွက် ဖြန့်ဖြူးရေးမဟာဗျူဟာနှစ်ခုချပြီး -  တစ်အိမ်ဝင်တစ်အိမ်ထွက်ဝေတဲ့အဖွဲ့ နဲ့  ဆေးရုံအနီး ပွိုင့်တစ်ခုမှာချပေးတဲ့အဖွဲ့  နှစ်ခုနဲ့ ဖြန့်ဝေခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့စေတနာ့၀န်ထမ်းတွေက ဖမ်းဝရမ်းထုတ်ထားခံရတဲ့ မိသားစုဝင်များရဲ့ မိသားစု ၆ ခု ကျရောက်နိုင်တဲ့ အန္တရာယ် (သို့) တိမ်းရှောင်ထွက်ပြေးခြင်းမရှိရင် ဖြစ်လာနိုင်တဲ့ အန္တရာယ် အရိပ်အရောင်တွေကိုလဲ စောင့်ကြည့်နေကြပါတယ်။ ဒီမိသားတစုစီကို လက်ငင်းစားစရာ၊ နေစရာ နဲ့ ခရီးသွားစရိတ်အပါအဝင် ငွေသားကျပ် ၁၀၀,၀၀၀ စီထောက်ပံ့ခဲ့ပါတယ်။ ကျွန်တော်တို့ လှူဒါန်းငွေကို မိုဘိုင်းငွေလွှဲနဲ့ပေးပို့ ခဲ့ပြီး စေတနာ့ဝန်ထမ်းနှစ်ဦးက ၄၈ နာရီ ငွေစောင့်ထုတ်ယူခဲ့ပြီး ဒီမိသားစုများကို ပေးလှူခဲ့ပါတယ်။

Shwe Lan Ga LayComment