ချင်းလူမျိုးတစ်ယောက်ရဲ့ ရှုထောင့် - အကြမ်းဖက်မှုရဲ့ သရုပ်မှန်

Markနဲ့ကျွန်တော့်ရဲ့အင်တာဗျူးက နားဆင်သူတွေကို ချင်းယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ချင်းလူမျိုးတွေနဲ့ ဘာသာရေးအကြောင်းကို ထဲထဲဝင်ဝင်သိမြင်သွားစေပါတယ်။ မြန်မာမှာ ဘာသာရေးကိုင်းရှိုင်းပြီး တိုင်းရင်းသားတဖြစ်လဲ သူဟာ အနှိမ်ခံရတာတင်မကဘဲ ဗမာသူငယ်ချင်းတွေကို စစ်တပ်က သူ့ဇာတိမြေမှာ ဘာတွေလုပ်နေခဲ့တယ်ဆိုတာ ရှင်းပြဖို့ကြိုးစားတဲ့အခါ မယုံသလို အနေအထားတွေရခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ အခုတော့ ကံဆိုးစွာနဲ့ပဲ ဒီစစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ဆိုးသွမ်းမှု အစစ်အမှန်တွေကို တတိုင်းတပြည်လုံး တွေ့ကြုံခံစားနေရပြီလို့ Markက ကောက်ချက်ချပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ သက်ဝင်ယုံကြည်မှုအနှစ်သာရက အရမ်းအေးချမ်းတယ်။ ကျွန်တော်ကြိုက်တယ်။
— Mark

“ကျွန်တော့်ဘဝမှာ အလွန်ကောင်းတဲ့ ရဟန်းတွေနဲ့ သိကျွမ်းခွင့်ရခဲ့တယ်။ သူတို့နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ဖူးတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ သက်ဝင်ယုံကြည်မှုအနှစ်သာရက အရမ်းအေးချမ်းတယ်။ ကျွန်တော်ကြိုက်တယ်။ ဗုဒ္ဓဘာသာဝင်အစစ်တွေကို တကယ်လေ့လာဖူးသူတွေအဖို့ဆိုရင် ကျွန်တော်တို့ကြားမှာ ပြဿနာအများကြီးမရှိကြဘူး။ ယုံကြည်သက်ဝင်မှုအပိုင်းမှာ ကျွန်တော်တို့အချင်းချင်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာမျိုး သိပ်မရှိပါဘူး။

တဖက်မှာလည်း အတွေ့အကြုံအသေးအမွှားတစ်မျိုးရှိပါတယ်။ အရင်ကဆို ကျွန်တော်တို့က - "စစ်တပ်က ငါတို့ချင်းတောင်တန်းတွေကို ဝင်ရောက်လာပြီး ငါတို့လက်ဝါးကပ်တိုင်တွေနဲ့ ဘုရားကျောင်းတွေကို ဖျက်ဆီးသွားကြတာ။"လို့ပြောရင် ဗမာသူငယ်ချင်းတွေက ဒီရက်စက်မှုနဲ့ အရေးကြုံမှုတွေကို ကျွန်တော်တို့နဲ့ထပ်တူ မခံစားခဲ့ကြဘူး။ အခုဒီကာလရောက်တော့ သူတို့ကို ရှင်းပြရုံနဲ့တင် လုံလောက်နေပါပြီ။

ဒါမျိုးက သူတို့မခံစားဖူးတဲ့အကြောင်းအရာကို သတင်းစာကနေပဲ ဖတ်နေရတဲ့အတိုင်းပေါ့။ 

ဒီတော့ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်းကျတော့ ကျွန်တော်တို့ အတူပူးပေါင်းအားထုတ်နေကြပါပြီ။ သူတို့တွေ အများကြီးဒုက္ခတွေရကြတော့ သူတို့သဘောပေါက်လာတာက မြန်မာလူမျိုးတွေကြားမှာ စစ်တပ်ရဲ့ဝါဒဖြန့်ထားမှုက အရမ်းအားကောင်းနေပြီး ကျွန်တော်တို့က စစ်တပ်ဟာ ကျွန်တော်တို့အရပ်မှာ ဘယ်လိုတွေရက်စက်ကြောင်းပြောရင်၊ စစ်တပ်ဟာ ကျွန်တော်တို့လူတွေကို မုဒိန်းကျင့်တယ်လို့ပြောရင် သူတို့မယုံနိုင်ခဲ့ကြတဲ့အချက်ပေါ့။ သူတို့ပြောခဲ့တာက 'အမ်..အဲ့လောက်တောင်ဟုတ်လို့လား?'တဲ့။

ကျွန်တော်တို့ကပဲ လိမ်နေညာနေသလိုအကြည့်နဲ့ ကြည့်ခဲ့ကြတယ်ဗျ။

ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါမျိုးက သူတို့ဘယ်တော့မှ မကြုံဖူးတဲ့ အတွေ့အကြုံမျိုးကိုး။ ဘာကြောင့်လဲဆိုတော့ သူတို့ကြားဖူးတဲ့ စစ်တပ်လုပ်ရပ်တွေ၊ စစ်တပ်ကိုကာကွယ်တဲ့ဘုန်းကြီးလုပ်ရပ်တွေဟာ ဒါမျိုးတွေမဟုတ်လို့ပဲ။

ဒါမျိုး သူတို့ လုံးဝမကြားဖူးခဲ့ဘူးဗျ။

ဒါကြောင့် အခုလက်ရှိအချိန်မှာ လက်တွေ့ကျကျ သူတို့တွေ့သွားပြီဆိုတော့ တိုင်းရင်းသားတွေဘယ်လိုဒုက္ခရောက်ခဲ့ကြရတယ်၊ တိုင်းပြည်ရဲ့တခြားဒေသတွေမှာ အားနည်းသူပြည်သူတစ်စုဟာ ဘယ်လိုအနှိပ်စက်ခံခဲ့ရတယ်ဆိုတာ သူတို့သဘောပေါက်လာကြပါပြီ။”

Shwe Lan Ga LayComment