စေတနာ့ဝန်ထမ်းများနဲ့ သူတို့ရဲ့ရပ်ရွာကိုကူညီခြင်း

ရှမ်းပြည်နယ် ညောင်ရွှေမြို့က ဒေသခံ ပရဟိတတစ်ဖွဲ့ရဲ့  အကူအညီတောင်းခံမှုကို ကျွန်တော်တို့ မကြာသေးခင်က ရရှိခဲ့တယ်။ ဒေသဘဏ်တွေပိတ်လိုက်ရတဲ့အတွက် နိုင်ငံတကာအလှူရှင်တွေအနေနဲ့ အလှူငွေ မပို့နိုင်တော့တဲ့ အခြေအနေဖြစ်နေ၍ စေတနာ့ဝန်ထမ်း အဖွဲ့သားများနဲ့ သူတို့ကူညီနေတဲ့ ရပ်ရွာ ပြည်သူများ အခက်အခဲများစွာနဲ့ ကြုံနေကြရကြောင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးများပြတ်လပ်နေပြီး လူများစွာလည်း ရောဂါရှာဖွေခြင်းနှင့် လိုအပ်တဲ့ဆေးကုသမှုတွေ မရ၍ ဖျားနာနေကြကြောင်း အကူအညီ တောင်းခံလာပါတယ်။ 

Better Burma က ဒီပရဟိတအသင်းကို အလှူငွေပေးပို့လိုက်နိုင်၍ ဒီအဖွဲ့က အခုအခါ ရပ်ရွာက လိုအပ် နေသူများကို ဆေးဝါး၊ စားနပ်ရိက္ခာများ စတင်ထောက်ပံ့နိုင်လာပြီဖြစ်ပါတယ်။

ပြည်သူမှ ပြည်သူသို့ ကူညီနိုင်စွမ်းအားကို  ရပ်ရွာဒေသခံ ပရဟိတအသင်းများမှ တဆင့် မြှင့်တင်နိုင်အောင် ကူညီဖို့ ကျွန်တော်တို့ အမြဲကြိုးစားနေပါတယ်။ ဒီလိုလုပ်နိုင်ဖို့ လှူဒါန်းပေးတဲ့ အလှူရှင်တွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Shwe Lan Ga LayComment