သင်၏လှူဒါန်းမှုကသန့်ရှင်းသောသောက်သုံးရေရရှိဖို့ထောက်ပံ့ပေးနေတယ်။

ဆိုးရွားလှတဲ့ မတရားစစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်ကတဲက မြန်မာနိုင်ငံရှိ ဆင်းရဲသော ရပ်ရွာလူ့အသိုင်းအ၀ိုင်းအများအပြားဟာ တနေ့တဓူဝ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ အကြမ်းဖက်စစ်တပ်အာဏာလုမှု ဖြစ်ပြီးနောက် စစ်သားတွေကိုနေရာအနှံ့မှာ ချထားလိုက်တဲ့အခါ အခြေအနေက ပိုဆိုးဖို့ဘဲရှိတော့တာကို တွေးကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အလှူငွေအများစုက  ဒီမိုကရေစီကို အကြမ်းမဖက်သောနည်းလမ်းများဖြင့် တိုက်ပွဲဝင်နေကြသူများကို အထောက်အပံ့ပေးနေပေမဲ့ ပြင်ပအထောက်အပံ့ အနဲငယ်သာရရှိပြီး ဒုက္ခရောက်ကျန်နေခဲ့တဲ့ ဒီလူမှုအသိုင်းအဝိုင်းတွေကိုလဲ အကူအညီ ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ 

ဒီအတွက် ကျွန်တော်တို့  Myanmar Kitchen နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့စွန်က ဆင်းရဲရပ်ကွက်တစ်ခုကို သောက်သုံးရေသန့်ရရှိဘို့ လုပ်ဆောင်နေတဲ့ သူတို့ရဲ့ မွန်မြတ်တဲ့ကြိုးပမ်းမှုကို ထောက်ပံ့အားပေးခဲ့ပါတယ်။ မိတ်ဆွေတို့ရဲ့ လှူဒါန်းမှုဖြင့် သူတို့ အိမ်ပေါင်း ၁၀၀ ကိုသွားမဲ့ ရေသန့်ပေးဝေမှုကို ထူထောင်နိုင်ခဲ့ပြီး အခုအခါ လူ ၅၀၀ ကျော်တို့ ဒီအကျိုးကျေးဇူးကို ခံစားနေကြပါပြီ။

Shwe Lan Ga LayComment