Mahar Insights:“စစ်တန်းလျားများမှအိပ်မပျော်သူများ - တပ်မတော်၏ဖုံးကွယ်၍မရသောလျှို့ဝှက်ချက်များ” (သို့) “လှောင်အိမ်ထဲကသားကောင်များ”
Mahar Insights အဖွဲ့မှထုတ်ဝေတဲ့ “စစ်တန်းလျားများမှအိပ်မပျော်သူများ - တပ်မတော်၏ဖုံးကွယ်၍ မရသောလျှို့ဝှက်ချက်များ” ၊ မြန်မာလို “လှောင်အိမ်ထဲကသားကောင်များ” အင်္ဂလိပ်-မြန်မာ နှစ်ဘာသာမှတ်တမ်းကို ကျွန်တော်တို့ အထူးလေးစားမိပါတယ်။ ဒီအသိအမြင်ပေး စာအုပ်ငယ်ကလေးက မြန်မာစစ်တပ်ရဲ့ ယုတ်မာရက်စက်မှုများကို ဖေါ်ထုတ်နေတဲ့ သူတို့ရဲ့ ကျယ်ပြန့်သောမစ်ရှင် mission ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူတို့ရဲ့မစ်ရှင်က လူအများကို ဒီအဖွဲ့အစည်းအကြောင်း ပိုမိုအတွင်းကျကျ သိရှိစေဖို့ ပညာပေးခြင်းသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ မိတ်ဆွေအလှူရှင်များ မိမိလှူဒါန်းတဲ့ရန်ပုံငွေရဲ့ တစိတ်တပိုင်းကို အခုလိုသူတို့ရဲ့ အရေးကြီးတဲ့မစ်ရှင်မှာ လှူလိုက်နိုင်တာ (ဆက်လက်ပြီးလဲ လှူနေဦးမှာ) အတွက် ဂုဏ်ယူစေလိုပါတယ်။ ကျွန်တော်တို့ သူတို့နဲ့အတူ podcast ထုတ်လွှင့်ဖို့အစီအစဉ် ဆွေးနွေးနေပါတယ်။ မကြာမီ သူတို့လုပ်နေတဲ့ မစ်ရှင်ရဲ့အသေးစိတ်ကို ကြားရတော့မယ်လို့ မျှော်လင့်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ အင်္ဂလိပ်-မြန်မာဘာသာ စာအုပ်ငယ်ကလေးကို ဖတ်ရှုစေလိုပါတယ်။ ကျေးဇူးပြု၍ ဒီအရေးကြီးတဲ့ စစ်တပ်ရဲ့အတွင်းရေးရာများကို သူငယ်ချင်းများနဲ့ မိမိရဲ့အသိုင်းအဝိုင်း များကိုလည်း မျှဝေသိစေလိုပါတယ်။
မိတ်ဆွေများကို သူတို့ရဲ့မစ်ရှင် ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ဖို့ ရန်ပုံငွေလှူဒါန်းရန်လဲ စဉ်းစားစေလို ပါတယ်။ အလှူငွေများကို ကျွန်တော်တို့ရဲ့ website ကတဆင့်ဖြစ်စေ၊ တိုက်ရိုက် Mahar Insight ၏ PayPal link မှတဆင့်ဖြစ်စေ လှူဒါန်းနိုင်ပါတယ်။









