အမှားနဲ့အမှန်ကိုခွဲခြားသိတဲ့ဆရာမတစ်ဦး

တရားမဝင်စစ်ကောင်စီအောက်မှာ သတ္တိရှိရှိ အမှုထမ်းဖို့ငြင်းဆန်ခဲ့တဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့နေတဲ့အပြင်၊ မြန်မာနိုင်ငံမှာ ဘာတွေအမှန်တကယ်ဖြစ်ပျက်နေတယ်ဆိုတာကို ကမ္ဘာကသိအောင် မှတ်တမ်းတွေရိုက်နေကြတဲ့  မြန်မာ documentarian အသင်းတွေကိုလဲ ကျွန်တော်တို့ ကူညီထောက်ပံ့ နေပါတယ်။ Vipassana Hawaii က ရိုက်ကူးထုတ်လုပ်တဲ့ အောက်ပါဗီဒီယိုအတိုကလေးက ဒီရည်မှန်းချက် နှစ်ခုစလုံးကို တပြိုင်နက်ထဲ အထမြောက်သွားစေပါတယ်။ မိတ်ဆွေများရဲ့ ရက်ရောကြင်နာစွာ လှူဒါန်းမှုကို ကျွန်တော်တို့ ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီဗွီဒီယိုအတိုကလေးမှာ လုပ်သက်ရှည်အတွေ့အကြုံရှိဆရာမတစ်ဦးက ငွေကြေးအခက်အခဲဖိအားများနဲ့ ကိုယ်ပိုင်လုံခြုံမှုအန္တရာယ်များရှိနေပေမဲ့ သူမဘာကြောင့်အလုပ်ဆင်းဘို့ ငြင်းဆန်နေဆဲဆိုတာကို ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။  စစ်တပ်အာဏာသိမ်းကြိုးစားဆဲကာလ ပဉ္စမလအတွင်းသို့ ဝင်ရောက်လာတဲ့အချိန်မှာ လူအများအပြား သူတို့ရှိမျှကုန်သလောက်ဖြစ်နေကြပြီး တော်လှန်ရေးတိုက်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက် အလွန့်အလွန် လိုအပ်နေတဲ့အချိန်ဖြစ်နေပါတယ်။ မည်သည့်ထောက်ပံ့မှုမျိုးကိုမဆို ဒီအချိန်မှာ သူတို့ အလွန်တန်ဖိုးထားစွာ လက်ခံနေကြပါတယ်။

Shwe Lan Ga LayComment