လှိုင်သာယာရှိ ဆေးဝါးကုသမှုအဖွဲ့

လှိုင်သာယာရှိ ဆေးဝါးကုသမှုအဖွဲ့

လှူဒါန်းမှုတွေရဲ့ တစ်စိတ်တစ်ဒေသကို ရန်ကုန်မြို့မြောက်ဘက်စွန်းစွန်းရှိ ဆင်းရဲနွမ်းပါးလှသည့်စက်မှုဇုန်လေးဖြစ်သည့် မာရှယ်လောထုတ်ခံထားရသော လှိုင်သာယာမြို့နယ်ကိုဖြန့်ဝေပေးခဲ့ပါတယ်။

ဒီနေရာကပြည်သူတွေဟာ မကောင်းတာတွေတစ်ခုပြီးတစ်ခုတွေ့ကြုံခံစားနေရပါတယ်။ စစ်တပ်ဖက်ကချထားတဲ့အင်အားပိုများလာတာကြောင့် လူတွေရော ထောက်ပံ့ပစ္စည်းတွေပါအလွယ်တကူဝင်လို့မရဖြစ်နေပါတယ်။ အစိုးရဆေးရုံတွေမှာလည်း ဆရာဝန်တွေကCDMလုပ်နေကြသည့်အတွက် စစ်သားတွေကြောင့်ဒဏ်ရာရလာသူတွေကို သေသေချာချာဆေးကုသမှုမပေးနိုင်ဘဲဖြစ်နေပါတယ်။စိတ်မကောင်းစရာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့သက်ကြီးရွယ်အိုတွေပါဆေးကုသမှုမရနိုင်ကြတာပါပဲ။

ဒီအကြောင်းကြောင့် ဒီလိုနေရာမျိုးတွေကိုသွားပြီး ရပ်ကွက်နေလူထုလိုအပ်နေတဲ့အရေးပေါ်ဆေးကုသမှုတွေပေးနိုင်ဖို့ကြိုးစားနေကြတဲ့ ရွှေ့ပြောင်းဆရာဝန်တွေကိုအလှူငွေထောက်ပံ့ခဲ့ပါတယ်။ သင်တို့လှူဒါန်းပေးတဲ့အလှူငွေတွေကဒီလူတွေအများကြီးကိုအရေးပေါ်စောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်။