သံဃာတပါး တောင်ဒဂုံမှာ လှူဒန်းနေ

တောင်ဒဂုံဟာ ဒီလထဲမှာ ရန်ကုန်ရဲ့ အကြမ်းဖက်နှိမ်နင်းအခံရဆုံး နေရာများထဲက တခုဖြစ်ပါတယ်။ ဆင်းရဲလှတဲ့ တောင်ဒဂုံထဲကို သွားဘို့ဆိုတာ အတော်အရဲစွန့်ရပါတယ်။ ဦးပညာဝံသကတော့ ထောက်ပန့်ရေး အစားအစာများနဲ့ အခြားအရေးတကြီးလိုအပ်မဲ့ ပစ္စည်းများကို သယ်ဆောင်ပြီး      စွန့်စားဝင်ရောက်သွားပါပြီ။  

မြန်မာနိုင်ငံမှာ  မြင်တွေ့နေကြ ဒဂါ-သံဃာ လှူဒန်းပုံနှင့် ပြောင်းပြန်၊ ပစ္စည်းတွေကို ကိုယ်တိုင် ယူဆောင်သွားပြီး အလွန်ဆင်းရဲပြီး အလွန်လိုအပ်နေတဲ့ မိသားစုများကို ကိုယ်တိုင်ကိုယ်ကျ လှူဒန်းနေပါတယ်။ 

အထူးဝမ်းမြောက်စွာပြောချင်တာက ဦးပညာဝံသနဲ့ ကျွန်တော်တို့ လက်တွဲပြီး ထောက်ပန့်ရေး လုပ်ငန်းများ စတင်နေပါပြီဆိုတာ။ ဦးပညာဝံသက ပြီးခဲ့တဲ့ လများက ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းမှုများက သိတ်ဆိုးရွားလွန်းတော့ နေ့စဥ်ထိုင်နေကျ တရားကိုအာရုံစူးစိုက်ပြီး မထိုင်နိုင်လောက်တဲ့ အထိဖြစ်လာတယ်တဲ့။ ဒါပေမဲ့ မေတ္တာ၊ကရုဏာ တရားတွေကိုတော့ တတ်နိုင်သလောက် အစဥ်မပြတ်ပို့ပေးနေပါတယ်တဲ့။

ကျေးဇူးပြု၍ အလှူငွေများလှူဒန်းကြမယ်ဆိုလျှင် ကျွန်တော်တို့ ဦးပညာဝံသကို ဒီထက်ပိုပြီး ထောက်ပန့်နိုင်မှာဖြစ်ပါတယ်။