ဆုံးခန်းတိုင်အောင်

အထင်ကရ တက်ကြွလှုပ်ရှားသူ အနည်းစုရဲ့ စကားလုံးများ ပဲ့တင်ထပ်နေစေဖို့ -

ကျနော် တရစပ် တင်သမျှ အာဏာသိမ်းယူမှုနဲ့ ပတ်သက်တဲ့ ဘလော့၊ ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ အသံဖိုင်များကို နားထောင်ရတာ ဖတ်ရတာ ငြီးငွေ့နေပြီလား - ယုံပါ - ပို့စ်တင်ရတဲ့ ကျနော်က ပိုပြီးပင်ပန်းလှပါပြီ..

ကျနော့်မှာက ဒီ အော့နှလုံးနာဖွယ် အကြောင်းအရာတွေကနေ ခဏလောက် ရုန်းထွက်ပြီး စိတ်သက်သာမှု ရချင်တာလောက်ထက် မပိုတော့ဘူး...
ဒါပေမဲ့ အကြမ်းဖက်မှုတွေက နေ့ရော ညပါ မြန်မာတပြည်လုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတော့ အဲ့လို ရပ်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.

စိတ်ပင်ပန်းမှုတွေရှိနေပေမယ့်လည်း မြန်မာတွေလုယူခံထားရတဲ့ လွတ်လပ်မှုဆိုတဲ့အရာ ကျနော်တို့မှာ ရှိနေသေးသရွေ့ ကျနော်တို့ရဲ့ လုံခြုံမှုကို အသုံးချပြီး သူတို့တွေရဲ့ကြိုးစားအားထုတ်မှုကို ဆက်ပြီး ထောက်ကူရမယ်လေ..
စစ်တပ် အလိုချင်ဆုံးအရာက ကျနော်တို့ရဲ့ ရွှေပြည်ကြီးအပေါ် အလေးထား ဂရုစိုက်နေမှုကနေပြီး တခြားကို အာရုံလွှဲသွားစေချင်တာ မျိုးပဲ..

အဲ့လိုအကြောင်းကြောင့်ရော အခြားအကြောင်းတွေကြောင့်ရော ကျနော်ကတော့ ပို့စ်တွေ ဆက်ပြီး တင်နေမှာပါပဲ...