သင်၏လှူဒါန်းမှုက အကြမ်းမဖက်လှုပ်ရှားမှုအား မည်သို့ပံ့ပိုးပေးနေသနည်း

မြန်မာနိုင်ငံ၏အခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ပြည်တွင်းစစ်ကြီး မည်သည့်အချိန်တွင်မဆို ပေါက်ကွဲဖြစ်ပွားလာနိုင်သည်ကို လူအများက စိုးရိမ်ကြောင့်ကြလာကြသည်။ ယခုအချိန်တွင် ထိခိုက်အသေအပျောက် အနည်းဆုံးဖြစ်စေမည့် မျှော်လင့်ချက်မှာ စစ်သားနှင့်ရဲများ အပြစ်မဲ့သူများကို ပြစ်ခတ်သတ်ဖြတ်ခြင်းအား ဆန္ဒအလျောက်ငြင်းဆန်ရန်နှင့် အမိန့်ဖီဆန်မနာခံရန်ဖြစ်သည်။

မကြာသေးမီက စစ်တပ်မှစွန့်ခွာထွက်ပြေးလာသောအရာရှိများ၏ ခန့်မှန်းချက်အရ စစ်သား၇၀%ကျော် ခန့်သည် အာဏာသိမ်းမှုကို မနှစ်သက်ကြဘဲ မိမိတို့၏ပြည်သူများနှင့် ပဋိပက္ခဖြစ်ရန် ဆန္ဒမရှိကြ၊ သို့သော်လည်း စစ်တပ်မှမည်သို့ထွက်ခွာရမည်ကို မသိကြကြောင်းပြောကြားခဲ့သည်။ 

မိတ်ဆွေတို့၏လှူဒါန်းမှုသည် ၎င်းတို့အား ရွေးချယ်စရာလမ်းတစ်ခုပေးခဲ့သည်။ လှူဒါန်းငွေရန်ပုံငွေများကို အသုံးပြု၍ အဖွဲ့ငယ်တခုမှ ထောင်နှင့်ချီသော လက်ကမ်းစာစောင်များကို ပုံနှိပ်ထုတ်ဝေနေသည်။ ဤအလုပ်ကိုလုပ်နေသော စေတနာ့ဝန်ထမ်းများသည် ဤအလုပ်မည်မျှအန္တရာယ်များသည်ကိုသိကြသည်။ ပရင်တာ printer နှင့် အိမ်တွင်မိလျှင်၊ သို့မဟုတ် လမ်းပေါ် ဖမ်းစစ်၍ လက်ကမ်းစာစောင်များနှင့် အတူမိလျှင် ချက်ချင်းအဖမ်းခံရခြင်းအပြင် ဒီ့ထက်ပိုမိုဆိုးရွားသည့်အဖြစ်မျိုးကိုလဲရောက်နိုင်သည်။ သို့တိုင်သူတို့သည် ယခုအချိန် အပြင်းအထန်အရေးတကြီးလိုအပ်နေသည်ကိုသိထားကြ၍ ဆက်လက်လုပ်ဆောင်နေကြသည်။

ဤအဖွဲ့ကလေးသည် ရန်ကုန်မြို့ရှိ ဂုံးတံတားများပေါ်သို့သွား၍ စာစောင်များကိုဖြန့်ကျဲချကြသည်။ စာစောင်များတွင် ရဲနှင့်စစ်သားများအား လူထုနှင့်ပူးပေါင်းရန်၊ အပြစ်မဲ့သူများအား သတ်ဖြတ်ရန်အမိန့်ကို မနာခံရန် တိုက်တွန်းထားသည်။ အမည်ဆိုးသော တပ်မအမှတ် ၇၇ မှ ဗိုလ်ကြီးထွန်းမြတ်အောင် ကဲ့သို့သော စစ်တပ်မှစွန့်ခွာသွားသူများ၏ ပြောပြချက်များလည်း ပါဝင်သည်။ ထိုလက်ကမ်း စာစောင်များတွင် ဗိုလ်ချုပ်များ၏ မတော်လောဘဖြင့် စည်းဇိမ်ခံနေထိုင်စားသောက်နေကြပုံဓါတ်ပုံများနှင့် အောက်ခြေတပ်သားများ ဆင်းရဲဒုက္ခ ခံစားနေရပုံဓါတ်ပုံများလည်းပါဝင်သည်။

စာစောင်များကို တစ်နိုင်ငံလုံးအနှံ့ဖြန့်ဝေနိုင်ရန် ဤအဖွဲ့ကဆက်လက်လှုပ်ရှားနေသည်။  မိတ်ဆွေတို့၏ ရက်ရောစွာလှူဒါန်းသောရန်ပုံငွေကြေင့်လဲ သူတို့၏ ဤမျှရဲရင့်သောလုပ်ငန်းကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ အကြမ်းမဖက်ရေးမျှော်လင့်ချက်ကို ထောက်ခံအားပေးလိုလျှင် အလှူ ထည့်သွင်းစဉ်းစားပါ