MOHS မှအရာရှိတစ်ဦး၏ CDMအသနားခံချက်

ကျမတောင်းရမှာလည်း ရှက်ပါတယ်။ ဒါပေမဲ့ တော်တော်လေး အကြပ်အတည်းဖြစ်နေလို့ပါ။ ကျမမှာ တခြားကိုလျှောင်တိမ်းနေနိုင်ဘို့  သမီးကိုဆွေမျိုးတွေအိမ်မှာထားခဲ့ရပါတယ်။ ဆွေမျိုးဆိုပေမဲ့လဲ သိပ်အနီးစပ်ကြီး မဟုတ်တော့ သမီးအတွက်ပိုက်ဆံပို့နေရပါတယ်။ မဟုတ်ရင်သူတို့က သမီးကို ကြည့်ထားချင်မှကြည့်ထားမှာပါ။

ကျမလဲ ဘာလုပ်ရမှန်းမသိတော့ဘူး။

စစ်တပ်ကပြန်လာဖို့ ခေါ်နေပါတယ်။ အခုပြန်လာရင် အရင်အလုပ်မဆင်းတဲ့ နှစ်လခပါပေးမယ် လို့ပြောတယ်။

ကျမပြန်မသွားချင်ဘူး၊ ပြန်သွားရမှာကိုလဲကြောက်တယ်။ သူတို့က ကျမကိုဖမ်းချင်ဖမ်းမှာ။”

- ကျန်းမာရေး၀န်ကြီးဌာန (MOHS) အရာရှိ