အပိုင်း (၄): Alan Clements (စာရေးဆရာ၊ တက်ကြွလှုပ်ရှားသူ၊ ရဟန်းခံဖူးသူ။)

၁၉၇၇ ခုနှစ်တွင် အနောက်တိုင်းမှ ထွက်လာခဲ့ပြီး “နောက်လှည့်ပြန်စရာ အကြောင်းမရှိပါဘူး” လို့ ဗမာပြည်မှာ ရဟန်းခံမည့် ဆုံးဖြတ်ချက်ကို Alan Clements က ပြန်ပြောင်းပြောဆိုလိုက်ပါသည်။ “ကျွန်တော် ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တယ်၊ ချစ်သူနဲ့ ရေရှည်လက်တွဲခဲ့တယ်၊ ပညာလည်းကောင်းကောင်းသင်ခဲ့တယ်၊ စာဖတ်တယ်၊ ပန်းချီဆွဲတယ်၊ ဖန်တီးနိုင်စွမ်း ရှိခဲ့တယ်၊ တေးဂီတ တီးခတ်တယ်၊ လူတွေ တောင့်တတဲ့ အရာမှန်သမျှ ကျွန်တော်ရခဲ့တယ်”  

ကမ္ဘာပေါ်မှာ တံခါးပိတ်ဝါဒ အကျင့်သုံးဆုံး တိုင်းပြည်များထဲက တခုဖြစ်တဲ့ ဗမာပြည်ထဲဝင်ဖို့ နိုင်ငံခြားသားများကို ပြည်ဝင်ခွင့် (၇)ရက်သာ ပေးတဲ့အချိန်၊ အဲ့လိုအချိန်တွင် Alan သည် မိမိအား လူဝတ်လဲရန် အကြိမ်ကြိမ် ဖိအားပေးမှု၊ ပြည်နှင်ဒဏ်နှင့် အမည်မည်း စာရင်းသွင်းခံရမှုများ ကြားထဲက မဟာစည် ဆရာတော် ထို့နောက် ဆရာတော် ဦးပဏ္ဍိတတို့ ထံမှ တိုက်ရိုက် ဆည်းပူးပြီး ဗမာပြည်မှာ (၅) နှစ်နီးပါး နေထိုင်ခဲ့ပါသည်။ ထပ်လောင်းဆိုရရင် ကြမ်းတမ်းတဲ့ ရာသီဥတုကို ကြံ့ကြံ့ခံဖို့ တရားထိုင်ခုံ အခင်း၊ ခြင်ထောင်၊ မွေ့ရာ၊ ရေသန့်နဲ့ သက်သတ်လွတ် အစားအစာများ မရှိတဲ့ ခက်ခဲတဲ့ အခြေအနေတွေမှာ ကူညီမည့်သူ မရှိပါဘဲလျက် Alan တစ်ယောက် မဆုတ်မနစ် ကြိုးစားခဲ့နိုင်မှုကို စူးစမ်းမိပါသည်။ အဖြေကတော့ ဒီဘက်ခေတ် ဗမာဆရာတော်ကြီးတချို့ဆီမှ စွမ်းအားကြီးမားသော တရားဓမ္မကို လက်ဝယ်ရရှိလိုခြင်း ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ ဖြစ်ပါသည်။ ရင်းနှီးကျွမ်းဝင်သောနေရာနဲ့ အလွန်ဝေးဝေးမှာ လာနေရပေမယ့် “ကျွန်တော် အိမ်ပြန်လာတယ် လို့ ခံစားရတယ်” လို့ Alan က ရိုးရိုးလေး ပြောပါသည်။

အဲ့ဒီမှစတင်ပြီး သတိပဌာန် ကမ္မဋ္ဌာန်း အားထုတ်ရေး လှုပ်ရှားမှုသည် ဗမာပြည်ကနေပြီး ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ကြီးထွားလာပုံ၊ သူနှင့် အများဆုံး ဆက်စပ်မှုရှိခဲ့တဲ့ မဟာစည် ဆရာတော်နှင့် ဆရာတော် ဦးပဏ္ဍိတ နည်းနာများအကြောင်း အထူးအလေးထားပြောဆိုထားပြီး၊ ယောဂီဘဝ ထူးခြားတဲ့ ဆရာ-တပည့် ဆက်ဆံရေးနဲ့ ပို၍သာလွန်သော အဆင့်ထိ ပြောင်းလဲခဲ့ရပုံများကို ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။ ဒါ့အပြင် မဟာစည် နည်းကို သိပါတယ်လို့ ဆိုသူတွေကို Alan က စကားဝိုင်းကတဆင့် သတ်သတ် ထပ်ပြီး ဒီလိုလည်း မှတ်ချက်ပေးထားပါသည်။  တကယ်တမ်းတော့ ကမ္ဘာအရပ်ရပ်က ရည်မှန်းချက်ကြီးသော ယောဂီများဆီ ပျံ့နှံ့သွားနိုင်တဲ့ “မဟာစည် နည်းစနစ်”ဆိုပြီး သတ်သတ်မရှိကြောင်း ၊ မဟာစည် ဆရာတော် နှင့် ဆရာတော် ဦးပဏ္ဍိတတို့၏ သင်ကြားမှု သဘောသဘာဝအရ တပည့်တဦးချင်းစီကို ဗဟိုထားတဲ့ ပြောင်းလဲရလွယ်ကူသော သင်ကြားမှုဖြစ်ကြောင်း တိတိကျကျ ထောက်ပြပြောဆိုပါတယ်။ 

ထို့နောက် Alan သည် ၁၉၉၅ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြောဆိုဖြစ်ခဲ့တဲ့ သူမ၏ တရားအားထုတ်မှုနဲ့ ဗုဒ္ဓအဆုံးအမတွေအပေါ် နားလည်သဘောပေါက်မှုက သူမ၏ နိုင်ငံရေးသမားဘဝ ကို ဘယ်လို အကျိုးသက်ရောက်မှုမျိုး ရှိကြောင်းတို့ကိုလည်း ကျွန်တော်တို့ ဆွေးနွေးထားပါသည်။ လတ်တလော ဆူပူနေမှုများကို သတိပြုနေရင်း နိုင်ငံတွင်းမှာ ရင်ကြားစေ့ရေး ကတိကဝတ်ဆက်လက် အသက်ဝင်နေဖို့၊ သူဒီမှာလေ့လာထားတဲ့ တရားတော်များ က အပြုသဘော ဆောင်တဲ့ ပြောင်းလဲခြင်းဆီသို့ လမ်းပြနိုင်မယ် ဆိုပြီး  Alan ကတော့ မျှော်လင့်နေပါသည်။

အဆုံးသတ်မှာ ဆရာတော် ဦးပဏ္ဍိတနှင့် Alan တို့ရဲ့ ထူးခြားတဲ့ ဆက်ဆံရေးအကြောင်းကို ဆွေးနွေးထားပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဖွတ်ဖွတ်ကြေနေတဲ့ ဗမာပြည်ရဲ့ အနိဋ္ဌာရုံမှ ထွက်လာတဲ့ ရဟန်းတော် ဦးပဏ္ဍိတသည် မဟာစည် ဆရာတော်၏ အရေးပါဆုံးသောတပည့် ရဟန်းတော်တပါး ဖြစ်လာကာ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည် သာမက ဗမာစစ်တပ်မှ ကိုးကွယ်သော တရားပြ ဆရာတော်လည်း ဖြစ်နေပါသည်။ ဦးပဏ္ဍိတ၏ လူသိနည်းတဲ့ အကြောင်းတွေထဲမှာ ဘယ်လိုတောင် “စွယ်စုံရတဲ့ပုဂ္ဂိုလ်”၊ ဘာသာစကား အမျိုးမျိုး ကို ပြောဆိုနိုင်ပြီး တော်စတွိုင်းနှင့် အခြားအနောက်တိုင်း စာရေးဆရာကြီးများ၏ အဆိုအမိန့်များကို ကိုးကားနိုင်စွမ်းလည်းရှိပြီး မိမိတပည့်များ၏ ဘဝနှင့် အလေ့အကျင့်များကိုလည်း အတောမသတ်အောင် စူးစမ်းနေတတ်သူ ဖြစ်ပါသည်။

နောက်တော့ Alan ပြောပြခဲ့တဲ့ ရှိသမျှနည်းပေါင်းထုပ်ပြီး ပုံစံတမျိုးတည်းချထားတဲ့၊  ရိပ်သာတွေမှ ယောဂီများကို ကျင့်သုံးစေတဲ့ “မဟာစည် နည်း” ဆိုတာမျိုး မရှိပါဘူး ဆိုတဲ့ အကြောင်းကို Zach နဲ့ အတူ ဆွေးနွေးခဲ့ကြပါသည်။ Alan နှင့် သူအလွန်ရင်းနှီးရတဲ့ ဆရာတော်ဦးပဏ္ဍိတတို့၏ ဆက်ဆံရေးကို ကြားရတာ အင်မတန် စိတ်လှုပ်ရှားရကြောင်း Joah က ပြောပြထားပါသည်။ ထပ်ပြီး ဆရာတော် ဦးပဏ္ဍိတနှင့် ပတ်သက်ဆက်နွယ်သော ဗမာတရားပြဆရာတော်များ၏ ရွှေရောင်ခေတ်ကိုလည်း ပြန်ပြောင်းပြောဆိုပါသည်။ ဆရာတော် ဦးပဏ္ဍိတသည် စည်းကမ်းတင်းကျပ်သူအဖြစ် ဂုဏ်သတင်းကြီးကြောင်း၊ အရာအားလုံးကို စွန့်လွှတ်ထားတဲ့ သူ၏တပည့်များ အပေါ်မှာ ထားတဲ့ စစ်မှန်သောမေတ္တာနဲ့ စေတနာက ဘယ်လောက် မျှတတယ်ဆိုတဲ့ အကြောင်း တင်ပြထားပါသည်။ Alan က သူရဲ့ တရားဓမ္မ ကျင့်စဉ်အများစုကို စစ်အာဏာရှင်စနစ်အောက်မှာ ကျင့်ခဲ့ရပေမဲ့ သတိပဌာန် အားထုတ်ရေး လှုပ်ရှားမှု လမ်းကြောင်းပေါ်ကနေ ပျောက်မသွားခဲ့ပါဘူး။ အဲ့ဒီမှတဆင့် စိတ်ဆိုတာဘာလဲ၊ စိတ်၏ စွမ်းအား ဆိုတာဘာလဲ ဆိုတဲ့အပေါ် အခြေအနေတရပ်က ဘယ်လောက်ထိ လွှမ်းမိုးနိုင်သလဲ ဆိုတဲ့ Alan ၏ ထိုးထွင်းဉာဏ်စွမ်း ကို နှစ်ယောက်သား သေသေချာချာ သုံးသပ်ထားပါသည်။  ဒါတွေအားလုံး ပြီးတော့ ဆင်ငရှုပ်လေးတကောင်!