အပိုင်း (၃၅) : အမှောင်ထုကို အလင်းဖြင့် ရင်ဆိုင်ခြင်း

“ကျွန်တော်တို့မှာ အန္တရာယ်ရှိနေပြီးသား။ ဒါကြောင့် ဂရုမစိုက်တော့ဘူး။ သန်းခေါင်ထက် ညဉ့်မနက်တော့ဘူး၊ အခု ကျွန်တော်တို့က သန်းခေါင်ချိန် ရောက်နေတာ၊ အမှောင်က ဒီထက်ပို မဆိုးနိုင်တော့ဘူး။ အထွဋ်အထိပ် ရောက်နေပြီ။” 

ဒီစကားလုံးတွေက စစ်တပ်က တင့်ကားတွေလှည့်နေလို့ ပရမ်းပတာဖြစ်နေတဲ့ ရန်ကုန်မြို့လမ်းမတွေထက် Inda Aung Soe ကို လုံခြုံရဲ့လားလို့ အင်တာဗျူးအစမှာ ကျွန်တော်တို့ မေးလိုက်တဲ့အခါမှာ သူပြန်လည်ဖြေကြားထားတာ ဖြစ်ပါတယ်။ ရဲရင့်လှတဲ့ Inda ရဲ့ တုံ့ပြန်မှုက ဒီထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တွေကြား ဗမာပြည်သူတွေရဲ့ ခံနိုင်ရည်အား သာဓကတခုအဖြစ် ပဲ့တင်ထပ် စေပါတယ်။ နိုင်ငံတလွှား ကြီးထွားလာနေတဲ့ ဆန္ဒပြလှုပ်ရှားမှုကို သူရဲ့ဖော်ပြချက်နဲ့ ပုံဖော် စတင် ထားပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးအနေနဲ့ နှစ်ပေါင်းများစွာ နေခဲ့ဖူးတဲ့ Inda က ဆန္ဒပြပြည်သူတွေရဲ့ စိတ်ခံစားချက်တွေကို သာမက ဘုန်းကြီးကျောင်းများနဲ့ နောက် မိတ်ဆွေသံဃာတော်တွေရဲ့ ခံစားချက်ကို ထင်ဟပ်သုံးသပ်နိုင််စွမ်း ရှိပါတယ်။

လူဝတ်လဲပြီးကတည်းက မီးဖိုချောင် စွန့်ပစ်ပစ္စည်းများကို စီမံတဲ့ အဖွဲ့အစည်း Bokashi Myanmar ကို တည်ထောင်ထားပါတယ်။ ဒါကြောင့်လည်း ရန်ကုန်မြို့ လမ်းမတွေပေါ်က ဆန္ဒပြပွဲကြီးတွေမှာ နေ့စဉ် အမှိုက်သိမ်းတဲ့ အဖွဲ့အစည်းနေရာ တာဝန်ယူထားပါသေးတယ်။ Inda က နေ့ခင်းဘက် အလုပ်ရှုပ်တာတင် မကသေးဘူး။ သူတို့တွေ ညဘက်မှာလည်း တောက်လျှောက် နိုးနိုးကြားကြား နေနေရတယ်။ လတ်တလောမှာ စစ်တပ်က မော်ဖင်းထိုးပြီး ရပ်ကွက်တွေထဲကို လွှတ်ပေးလိုက်တဲ့ ရာဇဝတ်သားတွေ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။  

စိတ်မချမ်းသာစရာ အတွေ့အကြုံတွေကြားက ခိုင်မာတဲ့ အရည်အသွေးတွေနဲ့ ဆန္ဒပြသူတွေ ကိုယ်တိုင် ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ Inda က ထောက်ခံပြောဆိုပါတယ်။ အဦးဆုံးနဲ့ အရေးကြီးဆုံးကတော့ အကြမ်းမဖက်ရေးပဲ ဖြစ်ပါတယ်။ စစ်တပ်နဲ့ သူတို့အစွယ်အပွားတွေရဲ့ ရန်လိုမှုတွေကို ရင်ဆိုင်နေရတာတောင် ပြည်သူတွေအနေနဲ့ အခြားသူတပါး နာကျင်စေဖို့ မလိုလားကြပါဘူး။ ဒါက စစ်တပ်လုံးဝ နားမလည်နိုင်တဲ့ အရည်အသွေး ဖြစ်လိမ့်မယ်လို့ Inda မှတ်ချက်ပေးပါတယ်။ ပြီးတော့ ရာဇဝတ်သားတွေကို သင်္ကန်းရုံစေပြီး တိုက်ခိုက်ဖို့ ဆက်ပြီး လွှတ်ပေးထားတယ်။ Inda ယူဆတာ ဒါက စစ်တပ်ရဲ့ ထောင်ချောက်ပါပဲ။ ရပ်ကွက်နေပြည်သူတွေက ကျူးကျော်လာသူတွေကို ဖမ်းဆီးရိုက်နှက်လိမ့်မယ်လို့ ထင်မှာပေါ့။ ဗမာတယောက်က ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးကို ရိုက်နှက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပြီးနောက် အဲ့ဒီကနေတဆင့် သွေးကွဲသွားစေဖို့နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ခံစားချက်တွေ ပျောက်ပျက်သွားစေချင်တာပါပဲ။ အဲ့ဒီအစား ပြည်သူတွေက ဘုန်းကြီးတုတွေကို အန္တရာယ်မပြုဘဲ ထိန်းသိမ်းလိုက်ပြီး အစားအစာနဲ့ နေစရာ စီစဉ်ပေးထားကြတယ်။

Inda အဆိုအရ လက်ရှိအနေအထားမှာ အကြမ်းမဖက်လှုပ်ရှားမှုက စစ်တပ်က နားမလည်တဲ့ တခုတည်းသောအရာ မဟုတ်ဘူး။ ဦးဆောင်သူ တဦးတလေမျှ မစီမံတဲ့ လှုပ်ရှားမှု။ ဒါကြောင့် စစ်တပ်က သူတို့အရင်က လုပ်ခဲ့သလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို သတ်သတ်မှတ်မှတ် လိုက်ပြီးဖမ်းဆီးနေရုံနဲ့ လှုပ်ရှားမှုတွေက ရပ်သွားမှာ မဟုတ်ဘူး။ အဲ့ဒီအစား လူထုတရပ်လုံးက သူတို့ရဲ့ အခြေခံ လွတ်လပ်မှုတွေ လူ့အခွင့်အရေးတွေ အရယူဖို့ ရှေ့ဆက် လှမ်းတက်နေကြပြီ။ အမြဲတစေ ပရမ်းပတာနဲ့ စုစုစည်းစည်းမရှိခဲ့တဲ့ ဗမာအသိုင်းအဝိုင်းက နေ့ချင်းညချင်း ပလက်စတစ်လို ပေါင်းစပ်တည်ဆောက်လိုက်ပြီး ပညာသားပါပါ လေ့ကျင့်ထားတဲ့ စစ်တပ်ရဲ့ ဆန်းပြားတဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်းရှိကြောင်း Inda နဲ့ Zach တို့ ပြောဆိုကြပါတယ်။  

ဒီလို ခက်ခဲတဲ့ကာလမှာ ပြည်တွင်း ပြည်ပမှ နိုင်ငံရပ်ခြားအသိုင်းအဝိုင်းရဲ့ ရက်ရောမှုနဲ့ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ကြောင်းပြောရင်း Inda နိဂုံးချုပ်ထားပါတယ်။ Inda နဲ့အတူ ကျွန်တော်တို့လည်း နားဆင်သူ သောတရှင်တွေကို ကျေးဇူးတင်ကြောင်း ဒီအချိန်မှာ ပြောလိုပါတယ်။ တန်ဖိုးရှိတယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ရွှေနိုင်ငံမှာ လင်းရောင်ခြည်လေး ရှိနေသေးပေမယ့် မှေးမှိန်ဖျော့တော့ပြီး ပျောက်ကွယ်နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒါက တကယ် ဖြစ်ပျက်နေတာပါ။ ကျွန်တော်တို့ မျက်စိရှေ့မှာ(အနည်းဆုံး အင်တာနက် ရနေသေးသရွေ့) တွေ့ရတာ ဖြစ်ပါတယ်။ ဒီလို အလွန်အရေးကြီးလှတဲ့ အချိန်မှာ မိတ်ဆွေတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကြင်နာမှုတွေကို ပါဝင်လှူဒါန်းခြင်း (သို့) ကူညီဝန်ဆောင်ပေးခြင်း ကနေတဆင့် ပြသနိုင်ပါတယ် ခင်ဗျာ။ 

Shwe Lan Ga LayComment