အပိုင်း (၅၈) : ဘာပဲဖြစ်ဖြစ်

သော်ထက် အခုတလော အလုပ်တွေ ဇယ်ဆက်နေပါတယ်။ သူ့မှာ အလှူအတွက် လှုပ်ရှားနေတာရှိတယ်။ စစ်တပ်က ဆေးကုသမှု မလွယ်ကူအောင် ဆရာဝန်တွေကို ပစ်မှတ်ထားနေလို့ အခမဲ့ဆေးခန်းနှစ်ခု ထောင်ထားတာလည်း လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ဆန္ဒပြဖြိုခွဲမှုတွေမှာ ရှေ့တန်းကနေ ရပ်တည်ခဲ့တဲ့သူတွေနဲ့ ဒိုင်းအဖွဲ့တွေအတွက် ထောက်ကူပစ္စည်းတွေကို သူက ကြီးကြပ်ပေးပါတယ်။ သူကြုံတွေရတဲ့ အစိုးရဝါဒဖြန့်မှုနဲ့ ဗမာပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ရာမှာကူညီဖို့ သူဖန်တီးထားတဲ့ ဖေ့ဘုတ်စာမျက်နှာ နှစ်ခုကလည်း ဗမာတွေကြား အလွန်ပျံ့နှံ့သွားခဲ့ပြီ။

ပိုထူးခြားတာက တချိန်က သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်ခဲ့တဲ့ သော်ထက်က အခုလှုပ်ရှားမှုကို ထောက်ပံ့တဲ့နေရာမှာ အရေးပါတဲ့နေရာက ပါဝင်နေတာပါပဲ။ စိတ်ဖိစီးမှုဒဏ် အမျိုးမျိုးခံစားခဲ့ရတာလို့ သူဝန်ခံပါတယ်၊ စိတ်ကျရောဂါ ပြင်းထန်လာပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ နှစ်ကြိမ်တိတိ ကြိုးစားခဲ့ပါတယ်။ တကြိမ်မှာ HIV ပိုးကူးစက်ခံရတယ်လို့ ထင်မှတ်ပြီး အမှောင်ကမ္ဘာထဲ ဇွတ်တိုးဝင်ပြီးနောက် တရားအားထုတ် ကျင့်ကြံလိုက်ခြင်းက သူ့အတွက် ပိုမြင့်မြတ်တဲ့ စိတ်တည်ကြည်မှုကို ရှာတွေ့ဖို့ မျှော်လင့်ချက်လေး ဖြစ်လာခဲ့တယ်။ ကြောက်ရွံ့စိတ်နဲ့ လေ့ကျင့်ရာကနေ ကံကောင်းထောက်မလို့ စစ်မှန်တဲ့ အသိဉာဏ်လေးတွေ ထွက်ပေါ်လာပါပြီ။ “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အရမ်းအစွဲကြီးခဲ့တယ်၊ ကျွန်တော့်ခန္ဓာကိုယ်ကိုရော၊ တခုခုလုပ်လို့ ရလာတဲ့ ပျော်ရွှင်မှုနဲ့ အခွင့်ထူးတွေကိုရောပဲ။ ဘာကြောင့်လဲ အားလုံးက ခေတ္တခဏပဲလေ၊ တကယ့်ပျော်ရွှင်မှုက သတိနဲ့ နေတာကို ဆိုတာ၊ အဲ့ဒီအချိန်တွေတုန်းက HIV လူနာတွေနဲ့ အတူတူ နေခဲ့ရတာတောင် ကျွန်တော် တကယ်ပျော်ခဲ့တာ။ ကျွန်တော် အဆင်ပြေခဲ့တာ”လို့ သူက မှတ်ချက်ပေးပါတယ်။ 

သော်ထက်က အထူးသဖြင့် The 7 Habits of Highly Effective People ကို ရေးသားသူ အနောက်တိုင်း စာရေးဆရာ Stephen R. Covey ရဲ့ ကိုယ့်အားကိုယ်ကိုးခြင်း၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို ဗုဒ္ဓဘာသာကျင့်စဉ်တွေနဲ့ ချိန်ညှိ လေ့လာခဲ့ပါတယ်။ “Circle of Influence-စိုးမိုးမှု စက်ဝိုင်း”(အရာရောက်နိုင်တဲ့ အလေးထားတဲ့အရာများ- မိမိစိတ်ဝင်တစား လုပ်ဆောင်နိုင်သောအရာများ) ဒါမှမဟုတ် “Circle of Concern-စိုးရိမ်မှု စက်ဝိုင်း”(အလေးထားပေမဲ့ ထိန်းချုပ်လို့မရတဲ့အရာများ- မိသားစု၊ ကျန်းမာရေး၊ စီးပွားရေး စသည်) စက်ဝိုင်းထဲကို ကျရောက်တဲ့အခါ ဘဝဆုံးဖြတ်ချက်တွေကို အကဲဖြတ်တဲ့ Conveyရဲ့ ပုံစံက သော်ထက်အတွက် အထူးလေးစား အတုယူစရာဖြစ်ခဲ့ပါတယ်။ Covey အကြံပြုတာကတော့ အဖြစ်အပျက်တွေက စက်ဝိုင်းတခုထဲ အရင် ကျရောက်လာတဲ့အခါမှသာ အရေးယူ လုပ်ဆောင်သင့်ကြောင်း ဖြစ်ပါတယ်။ အာဏာမသိမ်းခင်ကတည်းက ဒီအကြံကို သူက လက်ခံယုံကြည်လိုက်နာပြီး စီးပွားရေးကျောင်းတက်ကာ ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေသူ အလုပ်ကိုရှာတွေ့ပြီး ကိုယ်ပိုင်ဈေးကွက်ရှာဖွေရေး ကိုယ်စားလှယ်လုပ်ငန်းကို ထူထောင်လိုက်ပါတယ်။ ဒီရက်တွေမှာ ရိုးရှင်းပြတ်သားတဲ့  အမေရိကန် စီပွားရေးဆိုင်ရာအကြံတွေကို ဗုဒ္ဓအဆုံးအမတွေနဲ့ ပေါင်းစပ်လိုက်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မိမိလုပ်ဆောင်မှုအပေါ် ဆုံးဖြတ်ချက်ချတဲ့အခါ အားထုတ်ထားတဲ့ သတိပဌာန်နဲ့ လူ့ကျင့်ဝတ်တရားတွေက သူ့ကို ပိုပြီးကျယ်ပြောတဲ့ရသနဲ့ ပံ့ပိုးပေးပါတယ်။

သော်ထက်က သူ့ကိုယ်သူ ဘာသာတရားတမျိုးထဲသာ သက်ဆိုင်သူလို့ မမြင်ပါဘူး။ “ကျွန်တော်က ဘယ်ဘာသာတရားကနေမဆို ကောင်းတဲ့နည်းလမ်းတွေကိုလက်ခံတဲ့ လူပုဂ္ဂိုလ်တယောက်အနေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ရတာကို နှစ်ခြိုက်တယ်။ ဒီလိုဖြစ်လာစေတာက ကက်သလစ်ဘာသာဝင်တွေက သူတို့အပြစ်အတွက် ဖာသာထံဝန်ခံခြင်း၊ မွတ်ဆလင်တွေရဲ့ စည်းကမ်းတွေအပေါ် လေးစားမှုနဲ့ ကတိကဝတ်ပြုမှုစတဲ့ လုပ်ရပ်တွေက တန်ဖိုးရှိတယ်ဆိုတာ သိလို့ဖြစ်ပါတယ်။

အရင်က အဲ့လို တိုးတက်ပြောင်းလဲတဲ့ စိတ်သဘာထား သူ့မှာမရှိခဲ့ပါဘူး။ စစ်တပ် အားပေးထောက်ခံထားတဲ့ ဗုဒ္ဓဘာသာကသာ ကြီးကျယ်မြင့်မြတ်တယ်ဆိုတဲ့ အမြင်တမျိုးကိုသာ ခံယူထားခဲ့တာလို့ သူ့အားနည်းချက်ကို ပြန်ပြောင်းပြောဆိုပါတယ်။ အဲ့ဒီအမြင်က ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံကြား မယုံကြည်မှုနဲ့ သွေးကွဲအောင် တက်တက်ကြွကြွ ဖန်တီးယူထားတဲ့ သွေးထိုးလှုံဆော်မှုပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကြောင့် သော်ထက်အနေနဲ့ ဗုဒ္ဓဘာသာ ဗမာအမျိုးသားတယောက်ရဲ့ အခွင့်ထူးခံမှုကို သိလာပြီး သူ့တိုင်းပြည်က တိုင်းရင်းသား လူအနည်းစုအသိုင်းအဝိုင်းမှာ ဆယ်စုနှစ်များစွာ ခံစားနေရတဲ့ဒုက္ခနဲ့ ဘက်လိုက်မှုတွေကို သူ့နှလုံးသားနဲ့ ခံစားတတ်လာခဲ့ပါပြီ။ သူ့အတွက်တော့ အခုချိန်က အနာဂတ်အသစ်အတွက် စတင်လှုပ်ရှားဖို့ အရမ်းကောင်းနေပြီ။ “မြန်မာ့သမိုင်းမှာ ကျွန်တော်တို့အားလုံး စည်းလုံးသွားတာ အခုက ပထမဆုံးအကြိမ်ပဲ။ ကရင်၊ ကချင်နဲ့ တိုင်းရင်းသား အားလုံးပဲ! ကျွန်တော်တို့ အချင်းချင်း ပြောဆိုနေကြပြီ။”လို့ ပြောပါတယ်။

စည်းလုံးမှုနဲ့ ပတ်သက်တဲ့ မေးခွန်းက သော်ထက်အတွက် အခရာပါပဲ။  အကြမ်းမဖက်လှုပ်ရှားမှု က ဆက်ပြီး အလုပ်ဖြစ်မလား သူစိတ်ဝင်စားတယ်။ တဖက်မှာလည်း အကြမ်းမဖက်ဗျူဟာက နောက်ခံပေါင်းစုံက လူတွေအားလုံးက လုံးဝ ခံဝန်ကတိပြုမှသာ ဆက်ပြီး ထိန်းနိုင်မယ်လို့ သူခံစားမိတယ်။ ပုဂ္ဂိုလ်ရေးအရတော့ ဗုဒ္ဓအဆုံးအမတွေကို လိုက်နာသူတယောက်အနေနဲ့ ကံတရားကို ကြောက်ရွံ့မှုက ဒီအကဲဖြတ်မှုမှာ အခန်းကဏ္ဍတရပ်ဖြစ်တယ်လို့ အသိမှတ်ပြုထားပါတယ်။ သူကတော့ ဘယ်အကြမ်းဖက်မှုထဲမှာမှ ကိုယ်တိုင်ပါဝင်နိုင်မယ်လို့ မထင်ပါဘူး။ တချိန်တည်းမှာပဲ ပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့  စီမံပိုင်ခွင့်ရှိမယ်၊ လူ့အသက်ကို နှုတ်ယူဖို့ ကတိပြုလိုက်တာက ဖက်စစ်ဝါဒ ခြိမ်းခြောက်မှုကို ရပ်တန့်လိုက် တခုတည်းသောနည်းလမ်းပဲလားလို့ သိချင်စိတ်တွေ ပြင်းပြနေပါတယ်။ ဖြေဖို့ မလွယ်တာလည်း သူသိပါတယ်။ အဲ့ဒီရွေးချယ်စရာ နှစ်ခုမှာလည်း အကျိုးဆက် ကြီးကြီးမားမား ရှိလိမ့်မယ်။

အခြားဗမာတွေလို သူလောလောဆယ် အာရုံထားနေရတာက ရပ်ကွက်ထဲမှာ သူလျှို စိမ့်ဝင်ပျံ့နှံ့မှုကို ကာကွယ်ဖို့ဖြစ်ပါတယ်။ သူတို့ကြောင့် အိမ်နီးချင်းတွေ သတင်းပေးခံရတဲ့အတွက် ပစ္စည်းဥစ္စာတွေဖျက်ဆီးခံရ၊ အဖမ်းခံရ၊ အကျဉ်းချခံရ၊ နှိပ်စက်ခံရ၊ သေဆုံးတဲ့အထိ ဖြစ်ရတယ်။ သီးလုံးရွာမှာ သူလျှိုကြောင့် ရွာငယ်လေး စစ်တပ်အဝိုင်းခံရတဲ့အတွက် နေထိုင်သူ ၃၀၀၀ လောက် တောထဲကို ထွက်ပြေးသွားကြောင်း သူကမှတ်ချက်ပေးပါတယ်။ ဒီသတင်းက အထူးသဖြင့် တရားအားထုတ်သူတွေ စိတ်သောကဖြစ်ရပါတယ်။ ၁၉ရာစုမှ ကမ္မဋ္ဌာန်းပြဆရာတော် သီးလုံးဆရာတော် သီတင်းသုံးခဲ့တဲ့ကျောင်းရှိရာ ရွာဖြစ်ပါတယ်။ သတိပဌာန် တရားအားထုတ်ရေးလှုပ်ရှားမှု ရှေ့ပြေးဆရာတော်တပါးလည်းဖြစ်ပြီး နောက်ဆုံးမှာ မဟာစည်ဆရာတော်တိုင်အောင် ကျင့်စဉ်များကို လက်ဆင့်ကမ်းခဲ့တဲ့ ဆရာတော်လည်းဖြစ်ပါတယ်။ 


Shwe Lan Ga LayComment