လွန်းတင်ရက်ထည်တထည်

မကြာသေးခင်ကလုပ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ Hassanနဲ့အင်တာဗျူးအတွက် Kristen Palanaဒီဇိုင်းလုပ်ပေးထားတဲ့ လှပတဲ့အနုပညာလက်ရာကို အသုံးပြုခွင့်ရတာ ကျွန်တော်တို့ ဂုဏ်ယူလျက်ရှိပါတယ်။ ကျွန်တော်တို့ podcastတွေမှတဆင့် မြန်မာ့လက်ရှိအခြေအနေကို ကျယ်ပြန့်နိုင်သလောက် အတက်နိုင်ဆုံးကျယ်ကျယ်ပြန့်ပြန့် နားဆင်သူပရိသတ်တွေနားလည်နိုင်အောင် စွမ်းနိုင်သ၍ကျွန်တော်တို့ဟာ ဒီvirtual ခရီးလမ်းတစ်ခုဖန်တီးပြီး ကြိုးပမ်းလျက်ရှိပါတယ်။ မြန်မာ့အရေးလှုပ်ရှားသူတို့ရဲ့ စစ်မှန်တဲ့အသံကိုကြားနိုင်ဖို့အပြင် သောတအာရုံကို ပိုမိုဖြည့်တင်းဖို့အတွက် သီချင်းတွေ၊ နောက်ခံတေးဂီတတွေ၊ ကဗျာတွေစတာတွေလည်း ကျွန်တော်တို့ ထည့်သွင်းတင်ဆက်လျက်ရှိပါတယ်။ ဒါပေမယ့် တခါတရံမှာ ရုပ်ပုံက အကြောင်းအရာကို အသေးစိတ်မြင်သာအောင် တင်ဆက်နိုင်တဲ့အခါတွေရှိတော့ အမြင်အာရုံ ဒီဇိုင်းပုံများအတွက်လည်း ကျွန်တော်တို့ အများကြီးစဉ်းစားထည့်သွင်းပါတယ်။ 

ကမ္ဘာတလွှားမှာရှိကြတဲ့များစွာသောသူတွေလိုပဲ မြန်မာမှာနှစ်အတော်ကြာနေထိုင်ဖူးသူတဦးအနေနဲ့ Kristenဟာ လက်တလောသတင်းတွေကြောင့် များစွာစိတ်ထိခိုက်သွားရပါတယ်။ သူမရဲ့ အနုပညာလက်ရာနောက်ကွယ်က စွမ်းအားကြီးမားတဲ့ အဓိပ္ပာယ်ကို Kristenက အခုလိုဖော်ပြပါတယ်-

ကျွန်မဟာ မြန်မာမှာ ၂၀၁၆-၂၀၁၉ကာလကြာအောင် နေထိုင်အလုပ်လုပ်ခဲ့သူ အမေရိကန်/ပေါ်တူဂီလူမျိုးတဦးဖြစ်ပါတယ်။ ကျွန်မသူငယ်ချင်းတွေရော၊ တပည့်ဟောင်းတွေရော၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရော အဲဒီမှာရှိနေကြပါတယ်။ ဒီလက်သုံးချောင်းပုံမှာ နောက်ခံက တိုင်းပြည်တဝန်းက ဒေသတွေကို ကိုယ်စားပြုတဲ့ လုံချည်အဆင်၈မျိုးဖြစ်ကြပါတယ်။ ဒီနောက်ခံက လုံချင်အဆင်တွေဟာ ကချင်၊ မွန်၊ ကရင်၊ နာဂ၊ ဗမာ၊ ချင်း၊ ရှမ်း နဲ့ ရခိုင်တိုင်းရင်သားတွေကို သရုပ်ဖော်ပါတယ်။ ဒီပန်းချီကားဟာ ထောက်ခံအားပေးခြင်း၊ သွေးစည်းညီညွတ်ခြင်း နဲ့  ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ပိုကောင်းတဲ့နေ့ရက်တွေကို ဆုတောင်းခြင်းတွေကို ဖော်ညွှန်းပါတယ်။ 

ဒီအနုပညာလက်ရာကိုသဘောကျတယ်ဆိုရင် Ma Kalulu Studioထံမှ ဝယ်နိုင်ပါတယ်။ အဲဒီstudioက အကျိုးအမြတ်အားလုံးကို သင့်တော်တဲ့နေရာတွေမှာ လှူဒါန်းလျက်ရှိပါတယ်။ ဒါ့အပြင် သင့်ဝယ်ယူမှုက မြန်မာလူမျိုးတွေ ရင်ဆိုင်ကြုံတွေ့နေတဲ့ အရေးပေါ်အခက်အခဲလိုအပ်ချက်တွေကို ဖြည့်ဆည်းထောက်ပံ့နေတာကိုပါ သင်သိရှိရမှာဖြစ်ပါတယ်။ လှူဒါန်းမှုနဲ့ပတ်သက်ပြီး Kristenက အခုလို ဖော်ပြသွားပါတယ် -

ကျွန်မဝက်ဘ်ဆိုဒ်မှ ရောင်းလို့ရရှိသမျှ အကျိုးအမြတ်အားလုံးအရဲ့ တစိတ်တပိုင်းကို ရန်ကုန်က အရင်အသိုင်းအဝိုင်းနဲ့ သူငယ်ချင်း၊ Eva Bruceတို့မှ လုပ်ဆောင်နေတဲ့ Food Assistance for Families in Myanmar နဲ့ The Aid Myanmar Society ကို ထောက်ပံ့လျက်ရှိပါတယ်။ ထိုပရောဂျက်နှစ်ခုလုံးက မြန်မာသာမန်ပြည်သူတွေ ကိုဗစ်ရောဂါကပ်ဘေးနဲ့ အစားအသောက်မဖူလုံမှုတွေကို ကူညီဖြေရှင်းပေးလျက်ရှိပါတယ်။ ဒီခက်ခဲတဲ့ကာလမှာ မြန်မာလူထုကို အားပေးဖို့အတွက် နောက်ထပ်လွယ်ကူတဲ့နည်းကတော့ လက်သုံးချောင်းသင်္ကေတကို အင်္ကျီမှာ၊ လွယ်အိပ်မှာ၊ ကဒ်မှာ၊ မတ်ခွက်မှာ သို့မဟုတ် စတစ်ကာ စတာတွေနဲ့ ဝတ်ဆင်ပြသပေးဖို့ပါပဲ။

 
Shwe Lan Ga LayComment