စစ်သားဇနီး

စစ်တပ်မှထွက်ခွါလာတဲ့ တပ်မတော်သားတဦးရဲ့ဇနီးသည်နဲ့ ပြောသွားမှာပါ။ စစ်တပ်မှ ထွက်ခွါခဲ့ပြီးနောက် အဓိကတာဝန် နှစ်ခုလုပ်ဖို့ သူမက အဖွဲ့အစည်းတခု ထောင်ထားပါတယ်။ ပထမတာဝန်က အခြားစစ်သည်တွေ စစ်တပ်မှထွက်ခွါရန် အားပေးဖို့၊ အဓိကအားဖြင့် သူတို့ရဲ့ ဇနီးသည်တွေမှတဆင့် ဆက်သွယ်ဆောင်ရွက်ရေး၊ ဒုတိယတာဝန်ကတော့ ထွက်ခွါလာတဲ့ စစ်သည်မိသားစု ရေတိုလုံခြုံရေး၊ ရေရှည်အတည်တကျဖြစ်ရေးအတွက် အခမဲ့ အသက်မွေးဝမ်းကျောင်းသင်တန်း မှတဆင့် ပံ့ပိုးပေးသွားရေးပဲ ဖြစ်ပါတယ်။  

ဒီအံ့ဘွယ်အမျိုးသမီးက အာဏာမသိမ်းခင်အထိ ရဲမေတဦးအနေနဲ့ စစ်တပ်ထဲမှာ နှစ်အတန်ကြာနေခဲ့တဲ့ သူမဘဝအကြောင်း၊ သူတို့ကို ကာကွယ်စောင့်ရှောက်ထားတဲ့ အဖွဲ့အစည်းကို စွန့်ခွါဖို့ ကံပေါ်မူတည်တဲ့ သူမရဲ့ဆုံးဖြတ်ချက်၊ ထွက်ပြေးတိမ်းရှောင်ရင်းတွေ့ရတဲ့ လက်ရှိအခက်အခဲ စတာတွေကို အသေးစိတ် ပြောပြမှာပါ။ အောင်မြင်တဲ့ ဘက်ပြောင်းစွန့်ခွါရေး နည်းဗျူဟာတွေမှာ စစ်သည်တွေရဲ့ အိမ်ထောင်ဖက်တွေကို ဘာကြောင့် အာရုံစိုက်သင့်ကြောင်း၊ ဆုံးဖြတ်ချက်ချတဲ့အခါ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုက ဘယ်လောက်အရေးကြီးကြောင်း ပြောပြပေးသွားမှာပါ။  

သူမရဲ့ဘဝနဲ့အလုပ်အကြောင်း အံ့အားသင့်စရာ မေးခွန်းတွေ ကျွန်တော်တို့ ပြင်ဆင်ထားပြီးဖြစ်ပေမဲ့လို့ သူမရဲ့ ထူးခြားတဲ့နောက်ခံ၊ ဗဟုသုတနဲ့ပတ်သက်လို့ ဒီလိုအထူးနယ်ပယ်တွေမှာ စူးစမ်းဖော်ထုတ်ဖို့ စိတ်ဝင်စားတဲ့ သောတရှင် ပရိသတ်တွေမှ မေးခွန်းတွေမေးကြဖို့ ကျွန်တော် လမ်းဖွင့်ပေးလိုပါတယ်။

မေးမြန်းလိုပါက ကျေးဇူးပြုပြီး ကျွန်တော်တို့ဆီ အီးမေးလ် ပေးပို့နိုင်ပါတယ်၊ ဒါမှမဟုတ် အောက်ပါပုံစံကို ဖြည့်သွင်း ပေးပို့နိုင်ပါတယ်။


Shwe Lan Ga LayComment