သီတဂူဆရာတော်နှင့် အာဏာသိမ်းမှု

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း အဝေဖန်ခံရဆုံး ပုဂ္ဂိုလ်တွေထဲ သီတဂူဆရာတော်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အ၀ထောက်ခံမှု မပြုခြင်း၊ ဗိုလ်ချုပ် မင်းအောင်လှိုင်နှင့်အတူ ဘုရားအနေကဇာတင် အခမ်းအနားမှာ တွေ့ရခြင်း၊ ဒုတိယဗိုလ်ချုပ် စိုးဝင်းကို အဖော်ပြုပြီး ရုရှားနိုင်ငံကို လိုက်ပါသွားတဲ့ သီတဂူဆရာတော်ကို သူ့ရဲ့ဟောပြောမှုတွေနဲ့ လုပ်ရပ်တွေကြောင့် ဗုဒ္ဓဘာသာဝင် ဗမာအများစု စိတ်ပျက်ခဲ့ကြပါတယ်။ တကယ်တော့ လူအများစုက အရင်နှစ်တွေကတည်းက စိုးရိမ်ပူပန်နေခဲ့ကြပြီးသားပါ။ အထူးသဖြင့် စစ်သားတွေရဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားမှုကို ဖြေရှင်းဟန်နဲ့ ဟောထားတဲ့ သီတဂူဆရာတော်ရဲ့ မိန့်ခွန်းတွေကြောင့် ဖြစ်ပါတယ်။

သီတဂူဆရာတော်ထံမှာ ရဟန်းခံခဲ့ပြီး ဆရာတော်ရဲ့ထေရုပ္ပတ္တိအတွက် နှစ်ပေါင်းများစွာ အချိန်ကုန်ခံ လုပ်ဆောင်ခဲ့တဲ့ သံဃာတော်တပါးကို ဧည့်သည်တော်အဖြစ် ကျွန်တော်တို့ ဖိတ်ခေါ် ထားပါတယ်။ ဆရာတော်ကြီး၏ တုံ့ပြန်မှုကို များစွာစိတ်ပျက်မိပေမဲ့လည်း သူ့အကြောင်း နားလည်မှုလွဲစရာများ အများအပြားရှိနေတယ်လို့ ခံစားရတဲ့အတွက် ကိုယ်တွေ့ ဗဟုသုတများအပြင် သီတဂူဆရာတော်နံဘေးမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ အကြောင်းကိုလည်း ဧည့်သည်တော် ဆရာတော်မှ ပွင့်ပွင့်လင်းလင်း ပြောပြချင်ပါတယ်။ သီတဂူဆရာတော်အတွက် ကာကွယ်ချေပသူ မဖြစ်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး မိမိ၏ဟောပြောချက်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုမှာ သံဃာတော်များရဲ့ ပံ့ပိုးကူညီပါဝင်မှု ပိုမိုရရှိလာစေရန် မျှော်လင့်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

သီတဂူဆရာတော်နဲ့ဆက်စပ်နေတဲ့ လက်ရှိအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဗမာတွေသာမက နိုင်ငံခြားသား ပရိသတ်တွေပါ ပွင့်လင်းမြင်သာစွာ မေးမြန်းနိုင်ဖို့အတွက် ဒါက အလွန်ထူးခြားတဲ့ အခွင့်အရေးတရပ်ပဲ ဖြစ်ပါတယ်။

ကျေးဇူးပြုပြီး ကျွန်တော်တို့ဆီ အီးမေးလ် ပို့ပေးနိုင်ပါတယ်။ ဒါမဟုတ် အောက်ပါပုံစံမှလည်း ဖြည့်သွင်းပေးပို့နိုင်ပါတယ်။


Shwe Lan Ga LayComment