မြန်မာ့ အကြီးစား ရန်ပုံငွေရှာဖွေပွဲ

ဒီနှစ်ထဲမှာ မြန်မာပြည်ရဲ့ သတင်းတွေက ကြောက်ခမန်းလိလိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့သလို ဒီလထဲမှာလည်း ကျွန်တော်တို့ တွေ့ခဲ့ရတာတွေအားလုံးထက် ပိုဆိုးလာခဲ့ပြီ။ ကမ္ဘာကြီးက ဆက်ပြီး လက်ပိုက်ကြည့်နေတာကြောင့် စီးပွားရေးစတဲ့ အဘက်ဘက်က ညွှန်ကိန်းအားလုံးလည်း မကြုံစဖူး နည်းလမ်းများစွာနဲ့ အောက်ကိုသာ ဆက်ပြီး ကျဆင်းနေပါလိမ့်မယ်။ စစ်ဘေးရှောင်များ၊ ငတ်မွတ်ခေါင်းပါးမှု၊ မတရားဖမ်းဆီး ထိန်းသိမ်းမှုနှင့် နှိပ်စက်ညှင်းပန်းမှု၊ ရွာများ မီးရှို့ဖျက်ဆီးခံရမှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ အစားအစာ၊ ခိုကိုးရာနေရာနှင့် ဆေးဝါးများ ပြတ်လတ်မှု စတဲ့ အလုံးစုံသော အကြောင်းတရားတွေက စစ်ခေါင်းဆောင်တွေ အရူးအမူး အာဏာချုပ်ကိုင်ထားတဲ့ အတွက်ကြောင့် ပိုပြီး ဆိုးရွားနေပါပြီ။


ဒါတွေအားလုံးကို အထူးသတိထား စောင့်ကြည့်နေရင်း ကျွန်တော်တို့ မျှော်လင့်ထားတာတွေကို ဖန်တီးနိုင်ဖို့ အကြီးမားဆုံးသော မြန်မာ့ရန်ပုံငွေရှာဖွေရေးပွဲကြီးကို ပြုလုပ်သွားဖို့ Better Burma အနေနဲ့ အခြားတက်ကြွလှုပ်ရှားသူများစွာနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာပြည်တွင်းသာမက ကမ္ဘာတဝှမ်းက အနုပညာရှင်များ၊ ဟောပြောသူများနဲ့ ထင်ပေါ်ကျော်ကြားတဲ့ ဧည့်သည်တော်များက ကြီးထွားလာနေတဲ့ အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအတွက် ရန်ပုံငွေ အမြောက်အမြား စုဆောင်းနိုင်မည့် မျှော်လင့်ချက်များဖြင့် အနုပညာလက်ရာများ လေလံတင်ပွဲမှာ ပါဝင်လှူဒါန်းသွားကြမှာ ဖြစ်ပါတယ်။

နိုင်ငံတကာမှ အနုပညာရှင်များအားလုံးကို မိမိတို့ရဲ့ အနုပညာဖြင့် မြန်မာပြည်အတွက် မော်ကွန်းတင် ရန်ပုံငွေရှာပွဲကြီးမှာ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်!!! ပုံစံကို မြန်မာ (သို့) အင်္ဂလိပ်ဘာသာဖြင့် ဖြည့်စွက်နိုင်ပါတယ်၊ ဒါမှမဟုတ် ကျွန်တော်တို့အီးမေးလ်ကို ပေးပို့နိုင်ပါတယ်။

အင်္ဂလိပ် (သို့) မြန်မာဘာသာဖြင့် ဒေါင်းလုပ်ဆွဲ၍ မျှဝေနိုင်သော QR ကုဒ်ပါ နှစ်ဘာသာသုံး လက်ကမ်းစာစောင်တွေကို ကျေးဇူးပြုပြီးလည်း မှတ်သားထားနိုင်ပါတယ် ခင်ဗျာ။

 
Shwe Lan Ga LayComment