ဓမ္မPodcastများအပေါ် သုံးသပ်မှုများ

ဆရာကြီးဦးဂိုအင်ကာရဲ့ အစဉ်အဆက်အမွေခံ ဝိပဿနာဆရာ(အာစရိယ)တစ်ပါးဖြစ်တဲ့ Daniel Mayerထံမှ အောက်ပါစကားတွေ ကြားရတာ ကျွန်တော်တို့ အလွန်ပီတိဖြစ်ရပါတယ်။ သူဟာ ဘရာဇီးက Dhamma Santiရဲ့ မူလ ပင်တိုင်ဆရာ(CT)တစ်ယောက်လည်းဖြစ်သလို “အာဖရိကတခွင်အတွက် ထမ်းရွက်မယ်”မှာ ဒေသတွင်းညှိုနှိုင်းဆောင်ရွက်ရေးဆရာ(CAT)အဖြစ် လက်တလောဆောင်ရွက်နေတဲ့သူလည်းဖြစ်ပါတယ်။ Danielကိုယ်တိုင် အာဏာသိမ်းမှုအပေါ် တရားအားထုတ်သူတစ်ယောက်ရဲ့အမြင်ကို ကျွန်တော်တို့ထုတ်လွှင်မှုမှာ ပါဝင်ပြောဆိုပေးခဲ့ဖူးပါတယ်။

ကျွန်တော်တို့ရဲ့ လတ်တလော ထုတ်လွှင့်မှုအပိုင်းနှစ်ခုဖြစ်တဲ့ "မြန်မာ့အကြပ်အတည်းအပေါ် ဘိက္ခုဗောဓိရဲ့အမြင်" နဲ့ "မြန်မာပြည်သို့မေတ္တာစာလွှာမျာ- ဓမ္မ၏အရသာ" ကို သူနားဆင်ခဲ့ပါတယ်တဲ့။ ဒီအပေါ် သူ့အတွေးအမြင်တွေကတော့- 

“ဆရာတော် ဘိက္ခုဗောဓိနဲ့ အမေးအဖြေကဏ္ဍကို ခုပဲနားထောင်ပြီးတာ။ ကျွန်တော် အတော်ပဲ ဝမ်းပန်းတသာဖြစ်ရပါတယ်။ အတော်လေး ဂရုတစိုက်ရှိပေး၊ ခွန်အားပေး၊ အားကျစရာ၊ အားတက်စရာဖြစ်တဲ့ ဩဝါဒပါပဲ။ ကုသိုလ်တရားဆိုတာ မြောက်များစွာသောသူတို့ ကြားဖို့လိုအပ်နေတဲ့ စကားဖြစ်ပါတယ်။ ဒီဩဝါဒကပေးတဲ့ အကူအညီကတော့ တိုင်းတာလို့မရနိုင်အောင်ပါပဲ။ Bravo! ခင်ဗျားလုပ်ဆောင်နေသမျှအတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေ။

နောက်တခု ကျွန်တော် သဘောကျတာက "ဓမ္မ၏အရသာ"က စကားတွေပါပဲ။ ဆရာလေးစန္ဒရဲ့ စကားလုံးတွေက အလွန်ကောင်းပါတယ်။ သူမရဲ့ သာသနာ့ဘောင်ဘဝလျှောက်လှမ်းခြင်းဆိုင်ရာ တင်ပြပုံက အရမ်းယုတ္တိဆန်ပါတယ်။ မက္ကဆီကိုက ဘိက္ခုရာဟုလာဟာလည်းပဲ အလွန်ကောင်းမွန်စွာ မိန့်ကြားသွားခဲ့ပါတယ်။ လေးစားအားတက်ရအောင် ပါရမီတွေ အကန့်အသတ်မထားတဲ့ ငယ်ရွယ်သူများထံမှ နားထောင်နိုင်ဖို့ အခုလိုပဲဆက်လက်ဖိတ်ကြားပြီး တင်ဆက်သွားပါဦး။”

Shwe Lan Ga LayComment