ပြိုကွဲကဆင့်ကလျားဖြစ်နေသော လူ့အသိုင်းအဝိုင်း

အလှူရှင်များ၏ အလှူငွေအချို့ကို စစ်တပ်ကရက်စက်ကြမ်းကြုပ်စွာ နိုမ်နင်းခဲ့သည့် ရန်ကုန်မြို့၏ ဆင်းရဲနွမ်းပါးလှတဲ့ လှိုင်သာယာနှင့်တောင်ဒဂုံမြို့နယ်များသို့ ပြီးခဲ့သောအပတ်က လှူတန်းခဲ့သည်ကို အမှတ်ရပါလိမ့်မည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှုသည် အမှန်တကယ် အံ့ဩဖွယ်မရှိကြောင်း မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ podcast တခုမှာပါဝင်ခဲ့သူတဦးက ပြောကြားခဲ့ပါတယ်။ စစ်တပ်၏အနိုင်ကျင့်မှုများစွာဟာ ကျောင်းများတွင်အနိုင်ကျင့် ဗိုလ်ကျသူများ အတန်းထဲက မည်သူ့ကိုမျှပြန်မတိုင်ရဲသည့် အားအနဲဆုံးသူများကို ရွေး၍ အနိုင်ကျင့်ပုံမျိုးနှင့် ထပ်တူထပ်မျှဖြစ်သည်ဟု။

အလှူရှင်များ၏ လှူဒါန်းသောအလှူ (များသောအားဖြင့် အစားအစာနှင့်ဆေးဝါး)များ ဤရပ်ကွက်များသို့ သယ်ဆောင်သွားပေးသည့် စေတနာ့ဝန်ထမ်းတဦးက စစ်အာဏာသိမ်းပြီး ၃ လအကြာ ဘဝများကို အောက်ပါရေးသားပေးပို့ခဲ့ပါတယ်။ အဖက်ဖက်မှချို့ငဲ့ဆင်းရဲ မွဲတေနေပြီးဖြစ်တဲ့သူများကို စစ်တပ်ကထပ်မံရက်ရက်စက်စက် စနစ်တကျဖျက်စီးနင်းခြေနေ၍ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီနေနိုင်ရေး မျှော်လင့်ချက်အရိပ်အငွေ့လေးများ တစဆီခြေမှုန်း ခံလိုက်ရတဲ့ အသိုင်းအဝိုင်းတခုရဲ့ပုံကို ဖေါ်ဆောင်ထားပါတယ်။  ရပ်ကွက်နေသူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေသဖြင့် ထိုလူ့အသိုင်းအဝိုင်း၌ မည်သို့သက်ရောက်မှုများ ဖြစ်သွားသည်ကို ရင်နင့်ဖွယ် စာဖတ်သူတို့ သိမြင်အောင် တင်ပြထားပါတယ်။

အလှူရန်ပုံငွေ၏ တစိတ်တပိုင်းကို ဤစေတနာ့ဝန်ထမ်းမှတဆင့် အမြန်ဆုံးကူညီ ထောက်ပံ့ပေးနေသည်ကို သိစေချင်ပါသည်။ ကျေးဇူးပြု၍ အလှူထောက်ပံ့မှု ပြုကြပါရန်။

ရဲနဲ့စစ်တပ်က အလှူတွေကို သူတို့ရဲ့ စီမံခန့်ခွဲရေး ကော်မတီတွေကတဆင့်ဘဲ လှူဒါန်းနိုင်တယ်လို့ အမိန့်ထုတ်လိုက်တယ်။ဒါဟာသူတို့ရဲ့ဒလန်တွေဘဲ ရသွားအောင်လုပ်လိုက်တာ။

“အရမ်းကို ဆင်းရဲကြတယ်၊ ကျွန်တော်တို့ ဆန်ဝေတော့မှဘဲ ထမင်းချက်စားရတယ်။ ဝေပြီးပြီးခြင်း ဖောက်ပြီးချက်စားကြတာတွေ့ရတယ်။ တချို့ထမင်းခြောက်ဘဲစားနေရတာကို သိရတယ်။ တချို့ဟင်းစားစရာမရှိလို့ ဘာအာဟာရမှမပါတဲ့ ဇီးတော်ဖီနဲ့ ထမင်းစားနေရတယ်။”

တတ်နိုင်တဲ့သူတွေက အပြင်ထွက်ရမှာကြောက်လို့ အခြောက်အခြမ်းတွေပဲ (ငါးခြောက်၊ကြက်ဥ၊ငါးသေတ္တာ) စားကြတယ်။ ဟင်းသီးဟင်းရွက်နဲ့ သားငါးက မနက်အစောကြီး ဈေးကြိုရတယ်။ လက်ရှိအခြေအနေမှာ ဘယ်လိုမှမဖြစ်နိုင်ပါ။

ပိုဆိုးတာက ဈေးသည်တွေကလဲ ဈေးဝယ်ထွက်ရင် သေနတ်နဲ့ပစ်ခတ်ခံရမယ်၊ အဖမ်းအဆီးခံရမယ်လို့ကြောက်ပြီး ဝယ်သူအနည်းငယ်သာရှိတော့သည့်အတွက် နောက်ကျမှရောက်လာကြတယ်။ ပုံမှန်ဆိုင်ခန်းတွေလဲ လျှော့နည်းသွားတယ်။ စားသုံးကုန်တွေ ပိုနည်းသွားတယ်။

စစ်ပွဲ၊ အဓိကရုန်းတွေဖြစ်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာတိုင်း တတ်နိုင်တဲ့ လူလတ်တန်းစားက အထားခံတဲ့စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းကြတယ်။ ဆင်းရဲတဲ့ အခြေခံလူတန်းစားကတော့ သူတို့ရှေ့ရေးအတွက် ပြင်ဆင်ထားနိုင်စွမ်း မရှိပါဘူး။

ရန်ကုန်မြို့ ဆင်ခြေ​ဖုံးကျူးကျော်တွေမှာ နေထိုင်တဲ့ ဘောက်အလုပ်သမားများ၊ ကျပန်းအလုပ်သမားများဟာ ဒီကာလမှာ အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။ အလုပ်လက်မဲ့တွေကို လာရောက်လှူဒါန်းသူ အလှူရှင်များရှိပေမဲ့ စစ်တပ်က အလှူရှင်များကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ကားများသိမ်းခြင်း၊ ပစ္စည်းများသိမ်းခြင်းများ ပြုလုပ်ပြီး တပ်ထောက်ခံသူ USDP နဲ့ ဒလန်များကို ဝေပေးခဲ့တယ်။ ရဲနဲ့စစ်တပ်က အလှူတွေကို သူတို့ရဲ့ စီမံခန့်ခွဲရေး ကော်မတီတွေကတဆင့်ဘဲ လှူဒါန်းနိုင်တယ်လို့ အမိန့်ထုတ်လိုက်တယ်။ ဒါဟာသူတို့ရဲ့ဒလန်တွေဘဲ ရသွားအောင် လုပ်လိုက်တာ။

ဆင်းရဲလွန်းလို့ လူတော်တော်များများ ငွေတရာတောင်မရှိလို့ ဆေးဝယ်မသောက်နိုင်ကြဘူး။ စားစရာမရှိလို့ ပိုက်ဆံချေးရင် ၁၀၀ ကို ၄၀ အတိုးထိယူကြတယ်။ နေ့ပြန်တိုး ၁၀၀ ကို ၁၅ သို့မဟုတ် ၂၀ အတိုးနှူန်းနဲ့လဲ နေ့တိုင်းယူရတယ်။

ရလဒ်အနေနဲ့၊ စစ်တပ်ရဲ့ရည်ရွယ်ချက်လဲ ဖြစ်တယ်၊ ရပ်ကွက်ထဲမှာ အချင်းချင်း မယုံကြည်ကြတော့ဘူး။ သံပုံးမတီးရင် ဒလန်၊ သံပုံးတီးပြန်ရင်လဲဒလန် .....”