အကျဉ်းထောင်တွင်း စီးပွားရေး

စီးပွားရေး ပညာရှင်ဖြစ်သူ ရှောင်တာနယ်သည် အင်းစိန်ထောင်၏ တံတိုင်းအပြင်ဘက်မှ ပိုမိုကျယ်ပြန့်သော စီးပွားရေး၏ သေးငယ်သော အစိတ်အပိုင်းငယ်အဖြစ် ထောင်တွင်းမှ စီးပွားရေးစနစ်အား အသိအမှတ်ပြုခဲ့ရပြီး အံ့ဩမှင်သက်လာခဲ့ရသည်။ ကိုလိုနီ၏ သက်ရောက်မှုကြောင့် နိုင်ငံ၏ တရားဝင် စီးပွားရေးစနစ် အလုပ်မလုပ်တော့သကဲ့သို့ ထောင်တွင်း တရားဝင် စီးပွားရေးလည်း အလုပ်မဖြစ်တော့ကြောင်း တွေ့ခဲ့ရသည်။

ထောင်တွင်းသည် စစ်မှန်သော မှောင်ခိုဈေးကွက် စီးပွားရေး ထွန်းကားရာ နေရာလည်းဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းတာက ထောင်အတွင်းမှ အာဟာရ လုံလောက်စွာ မပေးမှုကြောင့် ဒီမှောင်ခိုဈေးကွက်သည် မည်သူမျှ မျှော်လင့်မထားသော မှောင်ခိုမှုမျိုးဖြစ်ပြီး စားစရာကို အဓိက မှောင်ခိုရောင်းကြသည်။ ဒီဈေးကွက်မှာ ထောင်စောင့်များမှ အဓိက ရောင်းချသူများဖြစ်ပြီး ၎င်းတို့၏ နည်းပါးသော တရားဝင်ရရှိသည့် လစာကို ထောက်ပံ့ရန် အခွင့်အလမ်းကြောင့် ပြုလုပ်ခြင်းဖြစ်သည်။ အခြား ပြင်ပတွင်ရောင်းချသူများသည် အခြေခံ စားသောက်ကုန်များသာမက စီးကရက်နှင့် အရက်ကဲ့သို့သော မှောင်ခိုပစ္စည်းများအထိ ကုန်ပစ္စည်းများအပေါ်တွင် စည်းကြပ်ပြီး  ဈေးကွက်ကို အမြတ်ထုတ်ကြသည်။ သို့သော် ထိုထောင်တွင်း စီးပွားရေး၏ အဆန်းကြယ်ဆုံးအဖြစ်မှာ ၎င်း၏ ငွေကြေးစနစ်ဖြစ်သည်။ ပုံမှန် စစ်သုံ့ပန်း ထိန်းသိမ်းထားသော စခန်းများတွင် စီးကရက်ကို ငွေကြေးအဖြစ် အသုံးပြုခြင်းမျိုး မဟုတ်ပဲ အင်းစိန်ထောင်သည် ကော်ဖီထုပ်၊ လက်ဖက်ရည်ထုပ်များကို အသုံးပြုသည်။ ထိုအထုပ်များသည် ပြည်တွင်းထုတ်ကုန်ဖြစ်သော ‘3 in 1’ အထုပ်မျိုးဖြစ်ပြီး အလွန်တရာ တန်ဖိုးကြီးလှသည်။ ဤထူးခြားသော ငွေကြေးစနစ်တွင် အထက်အောက် အဆင့်အတန်းကို ဖွဲ့စည်းထားပြီး အကျဉ်းထောင်၏ အချုပ်အနှောင် အတွင်းမှ လက်တွေ့ ကမ္ဘာ့စီးပွားရေး၏ ရှုပ်ထွေးမှုကို ထင်ဟပ်စေသည်။ 


တန်ဖိုးအရှိဆုံးကတော့ သကြားများစွာပါဝင်တဲ့ 3 in 1 ပြည်တွင်းတံဆိပ်ပါပဲ။ ဆွဇ်ဇလန်၏ ဆွဇ်ဖရန့် ငွေကြေးစနစ်ကဲ့သို့ အလွန်တန်ဖိုးကြီးသော ငွေကြေးဖြစ်သည်။

အကျဉ်းထောင်သည် စီးပွားရေး လည်ပတ်မှုကို မြင်တွေ့နိုင်သော အံ့ဖွယ်ကောင်းသည့် မိုက်ခရိုဆမ်တစ်ခု ဖြစ်သည်။ ထောင်တွင်း စီးပွားရေးကိုယ်၌မှာပင် စားသောက်ကုန်များ၊ အသားများကို နေ့စဉ် ဖယ်ထုတ်ပြီး မှောင်ခိုဈေးကွက်တွင် ရောင်းချနေသည်ကို အများအပြားတွေ့ရသည်။ ပိုက်ဆံဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကြောင့် အမြဲတမ်း အံ့ဩရသည့် ငွေကြေးစီးပွားရေး ပညာရှင်ဖြစ်သော ကျွန်တော့အတွက် စိတ်လှုပ်ရှားဆုံးအရာဖြစ်သည်။ 

ရယ်စရာကောင်းတာက ကျွန်တော်တို့သည် ပုံမှန်တွင် ငွေကြေး၏ အဓိပ္ပါယ်နှင့် သဘော သဘာဝကို မစဉ်းစားကြပေမယ့် အကျဉ်းထောင်သည် ငွေကြေး၏ အဓိပ္ပါယ်ကို စူးစမ်းဖို့ အကောင်းဆုံးနေရာဖြစ်နေသည်။ ထောင်ထဲမှာ ပိုက်ဆံငွေကြေးအဖြစ် ဘာကို အသုံးပြုနေလဲ - အလဲအလှယ်လုပ်ခြင်းရဲ့ အဓိပ္ပါယ်အနေနဲ့ ဘယ်လိုမျိုး လည်ပတ်နေလဲဆိုတာ အထူး အံ့အားသင့်ရသည်။  

အမှန်တကယ်တော့ ဘယ်လိုပဲဖြစ်ဖြစ် တကယ့်ငွေသား၊ တကယ့် ငွေကြေး ပိုက်ဆံပါပဲ။ ‘ကျပ်’ ကို ခွင့်မပြုဘူး ဆိုပေမယ့် အနည်းငယ်တော့ လည်ပတ်နေတုန်းပါပဲ။ ဒါပေမယ့် အခြေခံ ငွေကြေးက ကော်ဖီထုပ်ဖြစ်နေတာကိုတော့ အံ့ဩသင့်ဖွယ် မြင်တွေ့ရပါတယ်။ တန်ဖိုးအရှိဆုံးကတော့ သကြားများစွာပါဝင်တဲ့ 3 in 1 ပြည်တွင်းတံဆိပ်ပါပဲ။ ဆွဇ်ဇလန်၏ ဆွဇ်ဖရန့် ငွေကြေးစနစ်ကဲ့သို့ အလွန်တန်ဖိုးကြီးသော ငွေကြေးဖြစ်တယ်။ ပြီးတော့ အဲ့ဒါတွေနဲ့ အခြားကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကို တိုင်းတာပြီး လဲလှယ်ခြင်းလည်း ပြုလုပ်တယ်။ တစ်စုံတစ်ယောက်က အခြားတစ်ဦးဆီကနေ ပေါင်မုန့်ဝယ်ချင်တယ်ဆိုပါစို့ ဒါဆို ကော်ဖီထုပ် ၂ ထုပ်ပေးရပါမယ်။ ပန်းသီးအတွက် ၃ ထုပ် ဒါမှမဟုတ် တစ်ခုခုပေါ့။  

ဒီလိုနဲ့ ကော်ဖီထုပ်က ငွေကြေးတစ်မျိုးဖြစ်လာပြီး စံစနစ်တစ်ခုဖြစ်လာပါတယ်။ အဲ့ဒါကို သိမ်းထားလို့ရမယ်၊ အလဲအလှယ်ပြုလုပ်လို့ရမယ်။ ဒါမှမဟုတ် တခါတရံ အရာရာကို တိုင်းတာတဲ့ ယူနစ်အဖြစ်လည်း အသုံးပြုကြပါတယ်။ အဲ့လိုမျိုးတွေ့ရတာ အလွန်အံ့အားသင့်ခဲ့ရတယ်၊ ဘာလို့လဲဆိုရင် ဒုတိယ ကမ္ဘာစစ်တုန်းက  ထောင်များထဲမှ စစ်သုံ့ပန်းများဟာ စီးကရက်ကို ငွေကြေးအဖြစ် အသုံးပြုသည့် ဆန်းပြားသော အကြောင်းအရာကို လွန်ခဲ့သောနှစ်များစွာက ဖတ်ဖူးထားခဲ့တယ်။ မြန်မာနိုင်ငံမှာ ဘောင်အတွင်းမှာပဲ ဆိုပေမယ့် စီးကရက်တော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် စီးကရက်သည် (၁) ပိတ်ပင်ထားတာ ဟုတ်ပေမယ့် စီးကရက် သောက်ချင်ကြသည့် အတွက်ကြောင့် လုံးဝကြီး ထိန်းချုပ်ထားလို့မရဘူး၊ ဒါကြောင့် (၂) ငွေကြေးအဖြစ် အသုံးပြုဖို့ရန် ရေရှည်မဖြစ်နိုင်ပဲ ကော်ဖီထုပ်တွေကို အစားထိုး အသုံးပြုကြတာ ဖြစ်ပါတယ်။

ပြီးတော့ ထောင်တွင်းမှာ စားစရာနှင့် အခြားအရာများကို ပို့ဆောင်စီးဆင်းမှု ရှိနေတာကြောင့် ပြင်ပမှာ ဖြစ်ပျက်နေတာတွေကို အရိပ်အမြွက်လေးတော့ သိရတယ်။ ကျွန်ုပ်အထင် ထောင်တွင်း စည်းမျဉ်းများအရ ခဲရောင်အဆင့် နေရာများတွင် ထောင်စောင့်များမှ စားစရာ ရောင်းချတဲ့ စနစ်လည်း ရှိနေတယ်။ အဲ့ဒီနေရာမှာ ရောင်းချတဲ့ ပစ္စည်းများ၏ ဈေးနှုန်းများမှ တဆင့် သိရတယ်။ ဒီနေရာမှာ ပြောတဲ့ ဈေးနှုန်းသည် တကယ့် ‘ကျပ်’ ငွေကြေးကို ဆိုလိုတယ်။ စစ်ကောင်စီက ပိုမိုတင်းကြပ်လာပြီး စီးပွားရေး ကျဆင်းလာသည်နှင့် အမျှ ဈေးနှုန်းများသည်လည်း သိသိသာသာ မြင့်တက်လာပါတယ်။ အခြေခံ ပစ္စည်းများ အားလုံးတွင်ပင် မြင်တွေ့နိုင်ပါတယ်။ ကုန်ပစ္စည်း ပြတ်တောက်ခြင်းများ၊ ငွေကြေးဖောင်းပွခြင်းများ၊ အရေးကြီးသော ကုန်ပစ္စည်းများ ဈေးကွက်ထဲမှ ပျောက်ကွယ်သွားခြင်း၊ ယခင်က ရနိုင်သော ကုန်ပစ္စည်းများသည် ရုတ်တရက် ဝယ်ယူလို့မရတော့ခြင်းများ စသဖြင့် ပြင်ပတွင်ဖြစ်ပွားနေသည်များကို မှန်းဆလို့ရနိုင်တယ်။ ပြင်ပမှ စီးပွားရေး စနစ် ကျဆင်းနေခြင်းကို စူးစမ်းလေ့လာဖို့ စိတ်ဝင်စားဖွယ်ကောင်းသည့် နေရာတစ်ခုဖြစ်ပါတယ်။ 

Shwe Lan Ga LayComment