CPC မိဘမဲ့ဂေဟာကိုထောက်ပံ့ခြင်း

မိတ်ဆွေတို့ရဲ့ လှူဒါန်းရန်ပုံငွေတချို့ကို သုံးပြီး ရန်ကုန်တဖက်ကမ်း ဒါလမြို့ရှိ CPC ဂေဟာ (Calvary Peace Centre) သို့ အစားအစာနှင့် အထောက်အပံ့များ ပေးပို့နိုင်ခဲ့လို့ ကျွန်တော်တို့ အထူးဝမ်းသာရပါတယ်။ ပြီးတော့ ကလေးတွေကို ဒီချီးကျူးဖွယ်အဖွဲ့လေးက နိုင်ငံမှာဖြစ်နေတဲ့ အခြအနေဆိုး အကြင်းအကြပ် တွေထဲက ခေတ္တခဏ စိတ်ပြေလက်ပြောက် အနီးအနားရှိကမ်းခြေကို တနေ့တာခေါ် သွားခဲ့ပါတယ်။ ဒီလိုခေါ်သွားတဲ့ အခါမှာလည်း ကလေးတွေ အန္တရာယ်မရှိအောင် အရင်ဆုံး စစ်သားတွေ ကမ်းခြေတဝိုက်မှာ ရှိမရှိ ကြိုတင် ထောက်လှမ်းရပါသေးတယ်။

Covid ရောဂါ နိုင်ငံတစ်ဝှမ်းလုံးပြန့်နှံ့ ဆိုးရွားလာတဲ့ နှစ်ပတ်ကျော်အတွင်း ဒီစေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ ပထမဆုံး CPC ဂေဟာကို ပြန်လာနိုင်တဲ့ အခေါက်လည်းဖြစ်ပါတယ်။ ဒီအဖွဲ့လေးက အခုဆက်လက်ပြီး ဆေးဝါးနဲ့အောက်ဆီဂျင်ထောက်ပံ့နေသူတွေကို ကူညီဖို့ အစီအစဉ်ဆွဲ လုပ်ဆောင်နေကြပါတယ်။ 

CPC မိဘမဲ့ဂေဟာကို မူလကရှမ်းပြည်နယ်ကနေ စတင်ခဲ့ပေမဲ့ ၂၃ နှစ်ကြာတဲ့ ယခုအချိန်ထိ မြေပိုင်မရှိ တာကြောင့် ပြောင်းရွေ့ကာ ဒလဘက်မှာ ယာယီအခြေချနေခြင်းဖြစ်တယ်။ လက်ရှိမှာ ကလေး ၅၀ ခန့်ရှိပါတယ်။ CPC မှာ လိုအပ်ချက်တွေများစွာရှိနေပါတယ်။ မိတ်ဆွေတို့ လှူဒန်းလိုလျှင် ဂေဟာအတွက် ဖြစ်ကြောင်း မှတ်ချက်ပေးပြီး လှူဒန်းနိုင်ပါတယ်။

Shwe Lan Ga LayComment