စစ်ကိုင်းတောင်ဘုန်းကြီးကျောင်းများနှင့်သီလရှင်ကျောင်းများအတွက်အလှူ

စစ်ကောင်စီ အာဏာသိမ်းပြီး ခုနစ်လအကြာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇသစ် ဝင်ရောက်လာပြီး ကူးစက်မှု တစ်ဟုန်ထိုး မြင့်တက်လာတဲ့အပြင် နိုင်ငံတစ်ဝှန်း စစ်တပ်ရဲ့ ရက်စက်စွာ အကြမ်းဖက်မှုများ ကြောင့် ပြည်သူတွေ မကြုံစဖူး စိုးရွားတဲ့ ကပ်ဆိုးကို ရင်ဆိုင်နေကြရသည်။  

စစ်တပ်အာဏာလုမှုရဲ့ တုန်လှုပ်ချောက်ချားဖွယ်ဂယက်လှိုင်းမှာ တိုင်းပြည်ယိမ်းထိုးနေချိန် စစ်ကိုင်းတောင်မှ သံဃာများ အလှူငွေပြတ်၍ နေ့စဉ်ဆွမ်းပင်ခက်ခဲနေကြသည်။ ကိုဗစ်ပြန့်ပွားမှု မြန်ဆန်မှုကြောင့် ဆွမ်းခံ ကြွခြင်းကိုလည်း ရပ်ဆိုင်းလိုက်ရ၍ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

ဆရာတော်အရှင်ဗောဓိ၏  ဗုဒ္ဓဘာသာကမ္ဘာလုံးဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ မှ လှူဒါန်းသည့်  အလှူငွေများကို

ကျွန်တော်တို့ Better Burma ရဲ့ စစ်ကိုင်း အဆက်အသွယ်များမှတဆင့် ဘုန်းကြီးကျောင်းနှင့် သီလရှင် ကျောင်း ၃၀ ကျော်သို့ လှူဒါန်းပေးပို့ နိုင်ခဲ့သည်။ 

အလှူရှင်များ၏ ရက်ရောမှုနှင့် စေတနာ့၀န်ထမ်းများ၏ ကြိုးပန်းအားထုတ်မှုတို့ကို ကျွန်တော်တို့ အထူး မှတ်တမ်းတင် ကျေးဇူးတင်ရှိပါသည်။

Shwe Lan Ga LayComment