ဆန္ဒပြသူGeneration Zတစ်ဦးရဲ့ သူ့ဗုဒ္ဓဘာသာအပေါ်ယုံကြည်မှုအကြောင်း ဆွေးနွေးထားခြင်း

Whatever It Takes” မှာ သော်ထက် ပြောဆိုပုံမျိုး အရိုးခံပုံစံအပြောအဆိုတွေကို တခြားအနည်းငယ်သောတချို့ဧည့်သည်တော်တွေမှာလည် တွေ့ရတတ်ပါတယ်။ မှတ်မှတ်ရရလေးတစ်ခုကတော့ သော်ထက်နဲ့ဆွေးနွေးချက်ထုတ်လွှင့်မှုမတိုင်ခင်ကတည်းက သီတင်းပတ်တချို့စောပြီး “ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးရဲ့ အခွင့်ထူးခံမှုအပေါ် သူ့အမြင်”တွေအကြောင်း ဆောင်းပါးကို အရင်တင်ဆက်ခဲ့တာပါ။ သူနဲ့စကားဝိုင်းကို အခုပြန်လည်သွားပြီး သူနဲ့ဗုဒ္ဓဘာသာရဲ့ပတ်သက်မှုအကြောင်း စကားလုံးများကို ဒီမှာတင်ဆက်ပေးပါမယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေက သော်ထက်ဘဝကိုလမ်းပြပေးတယ်။ ဒါပေမယ့် တခုခု ဘဝင်မကျစရာဖြစ်နေတယ်။ ခရစ်ယာန်ဘာသာဝင်မိသားစုနဲ့ခင်မင်မှုက သူ့ယုံကြည်မှုကို ပိုမိုခိုင်မာစေခဲ့မှုအကြောင်းကို သူဒီမှာပြောဆိုသွားပါတယ်။ NLDဦးဆောင်တဲ့ကာလမှာ သူ့ယုံကြည်မှုက အမြစ်တွယ်ခိုင်မာသွားခဲ့တယ်လို့ဆိုပေမယ့် စစ်ကောင်စီရဲ့ အာဏာသိမ်းဖို့ အခြေအမြစ်မရှိတဲ့အကြောင်းပြချက်တွေထဲကတစ်ခုအဖြစ် လွန်ခဲ့တဲ့နှစ်အတောအတွင်းမှာ ဗုဒ္ဓဘာသာက မှေးမှိန်သွားခဲ့တယ်လို့ စစ်ကောင်စီဖန်တီးပြောဆိုနေတာက သော်ထက်လက်တွေ့အဖြစ်နဲ့ ပြောင်းပြန်ဆိုတော့ စိတ်ဝင်စားစရာပါပဲ။

ကမ္ဘာကြီးပေါ်မှာ ဗုဒ္ဓဘာသာက အထက်တန်းအကျဆုံးလို့ အနည်းငယ်ဦးဏှောက်မှိုင်းတိုက်ခံထားရမှန်း ကျွန်တော်သိလိုက်ရတယ်ဗျ။
— သော်ထက်

“ရဟန်းတွေကလွဲရင် ဗုဒ္ဓဘာသာကို အလေးအနက် ကျင့်ကြံအားထုတ်တာ မြန်မာနိုင်ငံသားတွေမဟုတ်ဘဲ ဗုဒ္ဓရဲ့ အဆုံးအမကို အလေးအနက်ထားကြတာက နိုင်ငံခြားသားတွေဖြစ်နေတယ်။ ဘယ်အခြေအနေမှာပဲကျရောက်နေပါစေ ငြိမ်းချမ်းအောင်နေတတ်မယ်၊ စိတ်ငြိမ်အောင်ထားနိုင်စွမ်းရှိမယ်ဆိုရင် ခင်ဗျားအတွက် ကယ်တင်ရှင်ဆိုတာလည်းမရှိသလို ရှိခိုးကန်တော့နေစရာလူလည်းမရှိဘူး။ မှန်တာပြောရရင် NLDရဲ့ ဒီမိုကရေစီကာလ ငါးနှစ်တာအတွင်းမှာ ကျွန်တော်တို့ ဒီလိုအလားတူအတွေးကို စတင်လက်ခံလာခဲ့ကြတာပါ။

ကျွန်တော့် မိဘနှစ်ပါးက ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းမှာ ကျွန်တော်ကြီးပြင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဘုန်းကြီးတွေက လူငယ်တွေကိုသင်ကြားပေးတဲ့ အဆုံးအမတွေနဲ့ တရားထိုင်မှုလမ်းစဉ်တွေကို ဘာမှတွေးတောမနေဘဲ လိုက်နာနေခဲ့ရုံပါပဲ။ အခြေခံကျောင်းကစီစဉ်ပေးမှု ဒါမှမဟုတ် မိဘတွေတိုက်တွန်းမှု ဒါမှမဟုတ် သူငယ်ချင်းတွေကသွားကြလို့ စတဲ့အကြောင်းတွေကြောင့် ကျွန်တော်ဟာ တရားစခန်းတွေကို ဝင်ရောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာကို အမှန်တကယ်ထိတွေ့ခွင့်ရလိုက်တဲ့အချိန်ရဲ့ အရင်းခံအကြောင်းက အစပိုင်းမှာ ဗုဒ္ဓဘာသာအကြောင်းကိစ္စတောင်မဟုတ်ခဲ့ဘဲ ခရစ်ယာန်ဘာသာကိစ္စဖြစ်နေခဲ့တာဗျ။ ကျွန်တော့် အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်က ခရစ်ယာန်ဘာသာဝင်လေ။ သူကမှတဆင့် ကမ္ဘာကြီးပေါ်မှာ ဗုဒ္ဓဘာသာက အထက်တန်းအကျဆုံးလို့ အနည်းငယ်ဦးဏှောက်မှိုင်းတိုက်ခံထားရမှန်း ကျွန်တော်သိလိုက်ရတယ်ဗျ။

ကျွန်တော်ဟာဗုဒ္ဓဘာသာသာလျှင် တစ်ခုတည်းသောလမ်းဖြစ်တယ်လို့ ယုံကြည်နေတဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းနဲ့ သူ့ဘုရားကျောင်းကိုလိုက်သွာတဲ့အခါမှာ မိမိအပြစ်တွေကို ဖာသာထံမှာဖွင့်ပြောတဲ့အစဉ်အလာကို ကျွန်တော်သဘောကျသွားတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် မိမိကိုယ်ကိုလွတ်မြောက်စေတယ်။ မိမိအပြစ်တွေကို တစ်စုံတစ်ယောက်ထံမှာ ဖွင့်ပြောလိုက်ပြီး ကိုယ့်ကိုယ်ကို သုံးသပ်ဖို့လိုအပ်လို့ပါပဲ။ ဒီလိုလုပ်တဲ့ပုံကို ကျွန်တော်ကြိုက်တယ်၊ ဘုရားကျောင်းက ခရစ်ယာန်ဘာသာဝင်တွေရဲ့ အပြုံးတွေကိုလည်းကျွန်တော်ကြိုက်တယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဆိုတာသူတို့သိတယ်။ ဒါပေမယ့် ကျွန်တော့်ကို ဆွယ်တရားဟောဖို့ မလုပ်ခဲ့ကြဘူး။ ‘ခရစ်ယာန်ဘာသာဝင်လိုက်ပါလား’လို့ သူတို့မပြောခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တွေ့ဖူးတဲ့ ဘုန်းကြီးတွေကတော့ ဗုဒ္ဓဘာသာဝင်ဖို့ မသိမသာဆွယ်ကြတယ်။ ဗုဒ္ဓဘာသာက အလွန်ကြီးမြတ်တယ် ဘာညာစသဖြင့်ပြောကြတာ။

နောက်ပိုင်းကျတော့ တခြားဘာသာတရားတွေနဲ့လည်း ထဲထဲဝင်ဝင်မဟုတ်တောင် ကျွန်တော်ရင်းနှီးထိတွေ့ခွင့်ရလာခဲ့တယ်။ ဒီလိုနဲ့ ဘာသာတရားတစ်ခုကိုပြန့်ပွါးဖို့ဆိုရင် ဘာသာဝင်တွေတိုးပွါးအောင်လုပ်နေစရာမလိုဘူးလို့ ကျွန်တော်သဘောပေါက်သွားတယ်။ ဘာသာတရားဟာ လူတွေဖြန့်ပေးဖို့လိုအပ်တဲ့အရာမျိုးမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာတရားတစ်ခုက ယုံကြည်နိုင်စရာရှိတယ်ဆိုရင် လူတွေလိုက်နာလာကြမှာပဲ။ အချိန်ကာလတစ်ခုကြာအောင် ယုံကြည်ကိုးကွယ်မှုမရဘူးဆိုရင် အဲဒီဘာသာတရားကပျောက်ကွယ်သွားပြီး တခြားဘာသာတရားတစ်မျိုးပေါ်ပေါက်လာမှာပဲ။ ဒါက ဘာသာတရားတွေ ဆင့်ကဲပြောင်းလဲပုံပဲ။

ဘုန်းကြီးတော်တော်များများနဲ့ ဆွေးနွေးစကားပြော၊ ဖတ်ရှုပြီးတဲ့အခါမှာ ဒီဘုန်းကြီးတွေပြောနေတာတွေဟာ လက်ရှိတကယ့်အခြေအနေတွေနဲ့ အနည်းငယ်ဆက်စပ်လို့မရဘူးလို့ ကျွန်တော်ကောက်ချက်ချလိုက်တယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာကိုကျင့်ကြံလိုက်နာမယ် ဒါပေမယ့် ဘုန်းကြီးဝတ်နိုင်မယ့်လူမျိုးမဟုတ်သူတွေအတွက် အနည်းငယ် ဆက်စပ်လို့မရဘူး။ သူတို့တတွေက လူပဲဖြစ်ချင်တာ၊ ဘုန်းကြီးဖြစ်ချင်ကြသေးတာမဟုတ်ဘူး။

ဒီလိုနဲ့ တခြားဘာသာတရားတွေလည်း သူ့ဟာနဲ့သူတကယ်ကောင်းကြတယ်လို့သိသွားပြီး ကျွန်တော်နဲ့ ဗုဒ္ဓဘာသာရဲ့ ပတ်သက်မှုစခဲ့ပုံဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာ အလွန် ကူကယ်ရာရပြီး လိုက်နာတဲ့သူတွေအတွက် အသိဉာဏ်လမ်းတောင်ပြနိုင်ပါသေးတယ်။ ဘာသာတရားကို လိုသလိုအသုံးချပြီး ဘာသာတရားခေါင်းစဉ်အောက်မှာ သတ်ဖြတ်ခြင်းစတာမျိုး မကောင်းမှုကိုကျူးလွန်တာဟာ အဲဒီဘာသာဝင်လူတွေသာဖြစ်ပါတယ်။”

Shwe Lan Ga LayComment