ပြန်လည်ပေးဆပ်ခြင်း

မိတ်ဆွေတို့ရဲ့ လှူဒါန်းငွေ တချို့ကို Mumtaz မမ်းတာ့ဇ် လို အားကျိုးမန်တက်လုပ်ဆောင်နေတဲ့  စေတနာ့၀န်ထမ်းများအတွက် ကျွန်တော်တို့ ခွဲဝေလှူဒါန်းလိုက်ပါတယ်။  သူမရဲ့ အကြောင်းကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။


ဖေဖော်ဝါရီလအစောပိုင်းထဲက အသက် ၂၃ နှစ်ရွယ် မမ်းတာ့ဇ် က ရန်ကုန်မြို့ ပြည်သူ့ဆေးရုံတွေနဲ့ မီးရထားဘူတာရုံတွေတဝိုက်မှာ ရုန်းကန်နေရတဲ့မိသားစုများအတွက် အစားအစာ၊ ငွေသားထောက်ပံ့မှုနဲ့ အခြားအကူအညီတွေကို သူမနေထိုင်တဲ့ ရန်ကုန်အခြေခံအလုပ်သမားလူတန်းစား ရပ်ကွက်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့နဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။ 

သူမက “ ဖေဖော်ဝါရီလ ၁ ရက်နေ့ အမေစုကို သူတို့ဖမ်းသွားပြီးကတည်းက စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံမှာ အနာဂတ်လုံးဝပျောက်ကွယ်သွားပါတယ်” လို့ ပြောခဲ့တယ်။ သူမတကိုယ်တည်း နေထိုင်ရပ်တည်နေခဲ့သည်မှာ COVID အကြပ်အတည်းအတွင်း တစ်နှစ်တာ အလုပ်လက်မဲ့ ဖြစ်နေခဲ့စဉ် ကထဲကဖြစ်တယ်။ ဒါပေမဲ့ NLD နဲ့ နောက်ပိုင်း NUG တို့ကို တတ်နိုင်သမျှထောက်ပံ့ဖို့ သူမ လုပ်နိုင်သမျှ လုပ်ဆောင်ခဲ့ပါတယ်။ “ ကျမတို့ ပြည်သူတွေဟာ ဒီမိုကရေစီအတွက် အသက် အသေခံနေကြတယ်၊ တရားမျှတမှုအတွက်တိုက်ပွဲဝင်နေကြတယ်၊ သူတို့ရဲ့ ကလေးတွေအတွက် ပိုကောင်းတဲ့အနာဂတ်အတွက် ကြိုးစားနေကြတယ်။ 

“စစ်တပ်က ပြည်သူတွေရဲ့ ချွေးနဲစာနဲ့ ရထားတဲ့ ငွေတွေနဲ့  ပြည်သူတွေကို ပြန်သတ်ဖြတ်နေပါတယ်။ ခုဆို ပြည်သူအတော်များများဟာ အသက်အန္တရာယ်ကြောင့် အိုးအိမ်ကိုစွန့်ခွာနေရပါတယ်။ ” အဲဒီ လူတွေထဲမှာ ပြည်သူပိုင်ဆေးရုံကြီးများနဲ့ မီးရထားဌာနတွေကအလုပ်သမားတွေလဲပါ၀င်ကြောင်း၊ ဒီဆေးရုံနဲ့ မီရထားဌာနတွေဟာ တိုင်းပြည်အတွက်အရေးကြီးတဲ့ဝန်ဆောင်မှုတွေပေးနေရုံမက နိုင်ငံအလုပ်လက်မဲ့ ပြဿနာဖြေရှင်းမှုမှာလဲ အရေးပါပါတယ်လို့  မမ်းတာ့ဇ် က ရှင်းပြတယ်။ ပြီးခဲ့တဲ့လက မမ်းတာ့ဇ် နဲ့ လုပ်အားပေးလူငယ်တွေကို စစ်တပ်က စတင်ပစ်မှတ်ထား အန္တရာယ် ပြုလာတာကို ကြုံလာရတယ်။

“ ပထမတော့ စစ်အစိုးရက CDM ခေါင်းဆောင်တွေကို လိုက်ဖမ်းတယ်။”  အများစုက မိသားစုနဲ့အတူ ရန်ကုန်ကနေ ထွက်ပြေးတိမ်းရှောင်ကြရတယ်။ “ နောက်တော့သူတို့ ကျမတို့လို စေတနာ့ဝန်ထမ်းတွေဖက် လှည့်လာတယ်။ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်လာတယ်။  CDM တွေ ထွက်ပြေးနေရသလို ကျမတို့လဲ ထွက်ပြေးနေရပါပြီ။ ”

“ ပထမ ကျမသူငယ်ချင်းတစ်ယောက်အိမ်မှာ သွားပုန်းနေတယ်။  ကျမက သူတို့ဆီ အန္တရာယ် ဖိတ်ခေါ်သလို ဖြစ်သွားတယ်။ တရက်စစ်သားတွေ တအိမ်ဝင်တအိမ်ထွက် ID ကတ်ပြားတွေ လိုက်စစ်ပြီး  ပုန်းနေတဲ့ သူတွေကို လိုက်ရှာဖမ်းတော့ ကျမသူငယ်ချင်းရဲ့ မိဘတွေ တအားကို ထိတ်လန့်သွားကြပါတယ်။  သူတို့ လုံခြုံရေးအတွက် ကျမ တခြားကို ရွှေ့ပြောင်းနေလိုက်ပါတယ်။ အခုထိလဲ ကျမ ပုန်းနေရတုံးပါဘဲ။ ဒီစစ်သားတွေကမိရင် မိန်းခလေးတွေဆိုရင် မတရားကျင့်တယ်၊ နှိပ်စက်တယ်၊ ကျမ အဲဒီလို အသေဆိုးနဲ့ မသေချင်ဘူး။ ”   

အာဏာမသိမ်းခင်က မမ်းတာ့ဇ်က ရန်ကုန်မှာ သူငယ်ချင်းတချို့နဲ့ တိုက်ခန်းငှားပြီးစုနေကြတယ်။ Covid-19 မတိုင်ခင် စာရေးမလစာလေးနဲ့ ကျစ်ကျစ်ကုတ်ကုတ်နေထိုင်ခဲ့တယ်။  ရိုဟင်ဂျာမွတ်စလင် အမျိုးသမီး တယောက်အနေနဲ့ ငွေကြေးလွတ်လပ်မှုရနိုင်ဖို့ လျှေက်ရတဲ့ ဘဝလမ်းကြောင်းက မလွယ်ကူပါ။

“ ကလေးဘဝကတည်းက ကျမအလုပ်လုပ်ခဲ့ရပါတယ်။  အမှိုက်ကောက်ပြီး ကျောင်းစရိတ်ရှာရပါတယ်။ မောင်နှမတွေ ကျွေးဖို့ ရှာရပါတယ်။ ကျမ အတန်းတိုင်းကို အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယ (သို့) ရိုဟင်ဂျာလူမျိုးတွေအတွက် အမြဲတမ်းပြဿနာရှိပါတယ်။” “ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြား” (တချို့ပြည်နယ်များမှ မွတ်စ်လင်မ်များအား အစိုးရက ထုတ်ပေးထားတဲ့ မှတ်ပုံတင်ကဒ်ပြား)  ကိုင်ဆောင်ထားတဲ့ အတွက် ရန်ကုန်ကွန်ပျူတာသိပ္ပံကို တက်ခွင့်မရခဲ့ပါ။  ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်သာတက်ခွင့်ရလို့ အဲဒီမှာ ရုရှားဘာသာစကားကို တက်ခဲ့တယ်။  

“ ကျမက ပါမောက္ခချုပ်ဆီတက်ပြီး သင်ခွင့်တောင်းပါတယ်။ ပထမတော့လက်မခံဘူး။ တခြားဆရာတွေ ဝိုင်းအကူအညီပေးလိုက်တော့မှ ရပါတယ်။ ကျမဖြစ်ချင်တဲ့ ဘွဲ့ရ တယောက် ဖြစ်ခွင့်ရတဲ့အတွက် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလို့ တအားဝမ်းသာခဲ့ရပါတယ်။ ” မမ်းတာ့ဇ်က သူမရဲ့ ဘာသာစကား ကျွမ်းကျင်မှုကို အသုံးပြုပြီး ရန်ကုန်က ကျယ်ပြန့်တိုးတက်နေတဲ့ ခရီးသွားလုပ်ငန်းမှာ အလုပ်ရခဲ့တယ်။ သူ့ညီမကိုလဲ ရန်ကုန်ခေါ်ပြီးပညာသင်စေနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ မြန်မာနိုင်ငံသားအပြည့်အဝ ရရှိခဲ့တယ်။ 

အနောက်နိုင်ငံအများစုက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာများကို ကာကွယ်ရန် ပျက်ကွက်ခဲ့တယ်လို့ ရေးကြပေမဲ့  မမ်းတာ့ဇ်က စစ်တပ်ကိုပြင်းပြင်းထန်ထန်အပြစ်တင်ခဲ့ပါတယ်။

“ ကျမတို့ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေသာ ကျမတို့ အနာဂတ်အတွက် အကောင်းဆုံးလမ်းဖြစ်ပါတယ်။  စစ်ကောင်စီက ဒီနေရာကို အဓမ္မယူလိုက်တဲ့အခါ ကျမတို့ မြန်မာပြည်သူတွေအားလုံး ဒုက္ခရောက်နေရပါပြီ။ ကျမတို့ကို အကူအညီ ပေးကြပါ။ ”

Shwe Lan Ga LayComment