Lee Coup 199

Q: “ခင်ဗျားစိတ်ထဲမှာ တခြားအရာတွေထက် ပိုပြီးနစ်ဝင်နေတဲ့ မြင်ကွင်းရုပ်ပုံတွေများရှိမလား?”

882021: “ကျွန်တော့်စိတ်ထဲ ဘယ်လိုမှဖျောက်မရနိုင်တာတစ်ခုကတော့ ရဲသားတယောက်ရဲ့ ဗီဒီယိုပါ။ အဲဒီမှာ သူ့ဘေးမှာလည်း တခြားရဲတွေဝန်းရံနေတယ်။ သူက သေနတ်ထုတ်ပြီး သူ့ပစ်မှတ်ကိုပစ်လိုက်တာ ထိသွားတော့ သူ့ဘေးက ရဲတွေက အားပါးတရ သူပစ်တာလူတယောက်ထိသွားလို့ဆိုပြီး အားပေးခုန်ပေါက်ကြတယ်။ ပြီးတော့ သူတို့အားလုံး ပစ်လိုက်တဲ့ဆီကို အပြေးသွားကြတယ်။ သူ့တို့ဟာ ပစ်မှတ်အနေနဲ့ လူသားတွေကိုထားတဲ့ပုံကိုမြင်ရတာ ကျွန်တော့အတွက် တကယ့်ကို အော့နှလုံးနာဖွယ်ဖြစ်ခဲ့ရပါတယ်။ ”

Q: “ဟုတ်ပဗျာ။ ကျွန်တော်လည်း ဒီကိစ္စကို ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ ဒီလို ကိုယ့်ရှေ့မှာ စိတ်ပင်ပန်းစရာတွေ မြင်ရတဲ့ လူ့ပတ်ဝန်းကျင်မှာ ရှင်သန်ရတာ ဘယ်လိုနေမယ်ဆိုတာ ကျွန်တော့်အနေနဲ့ မသိတော့ပါဘူး။ သူတို့တတွေ အကြမ်းဖက် သတ်ဖြတ်တာကို မြင်ရတာ၊ အဲဒီလိုမြင်ရခြင်းရဲ့ အကျိုးဆက်က ဘယ်လောက်ထိဖြစ်မယ်ဆိုတာ မတွေးတတ်လောက်အောင်ပါပဲ။”

882021: “ဟုတ်တယ်။ အသေအချာပါပဲဗျာ။ နေ့တိုင်းပဲ။ ကျွန်တော်ဟာ ဒေါသထွက်တယ်၊ ဝမ်းနည်းတယ် ဒါပေမယ့် မျှော်လင့်ချက်လည်းအပြည့်ပဲ။ သိတယ်မှတ်လား။ ဒီလိုအဖြစ်မျိုး ဖြတ်သန်းရတာ ကျွန်တော်တို့အားလုံးအတွက် ဒါနောက်ဆုံးပဲဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပေါ့။”

Shwe Lan Ga LayComment