အပိုင်း (၄၈) : မြန်မာပြည်သို့ မေတ္တာစာလွှာများ : ရွှေနိုင်ငံနှင့် အထိအတွေ့များ

ကျွန်တော်တို့အဖွဲ့က ရွှေနိုင်ငံအတွက် ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ ကျေးဇူးသိတတ်မှုကို အသားပေးတဲ့ အခန်းဆက်အသစ်ကို တင်ဆက်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီအခန်းဆက်မှာ တင်ဆက်ပေးမယ့် အပိုင်းလေးတွေက ကျွန်တော်တို့နေ့စဉ်ကြားသိနေရတဲ့ ဒီဆိုးရွားတဲ့အခြေအနေ အကြောင်းတရားတွေကြောင့် စိတ်ခံစားမှုကနေ သက်သာကြောင်း အကူအညီဖြစ်ဖို့ မျှော်လင့်ပါတယ်။ ခေါင်းစဉ်ကို “မြန်မာပြည်သို့ မေတ္တာစာလွှာများ”လို့ ပေးထားပြီး တိုင်းပြည်နဲ့ လူတွေက သူတို့အတွက် ဘယ်လောက် အဓိပ္ပါယ်ရှိသလဲဆိုတာ ဧည့်သည်ပေါင်း မြောက်မြားစွာနဲ့ ဆွေးနွေးသွားမှာပါ။ ဒီအခန်းဆက်ကနေပြီး ကျွန်တော်တို့က မြန်မာပြည်ကို ဘာကြောင့် အရမ်းဂရုစိုက်ကြသလဲဆိုတာကို သတိရစေဖို့နဲ့ လက်ရှိဖြစ်ပေါ်နေဆဲ အခြေအနေတွေမှာတောင် ရွှေနိုင်ငံမှာကျွန်တော်တို့ နှလုံးသားတွေ ဆက်လက် အမြစ်တွယ်နေဖို့ ဖြစ်ပါတယ်။  

ဒီနေ့ပွဲဦးထွက်အပိုင်းမှာ ဧည့်သည်သုံးဦးကို ဖိတ်ထားပါတယ်။ ဦးဂိုအင်ကာနည်းနှင့် ဝိပဿနာတရားအားထုတ်သူ အမေရိကန်သူ Lee က သူမ ဘုရားဖူးအလည်အပတ် သွားခဲ့တဲ့အကြောင်းတွေနဲ့ ရိပ်သာတွေမှာ တရားအားထုတ်စဉ်နဲ့ တာဝန်ထမ်းဆောင်စဉ်က အကြောင်းတွေ ပြောပြထားပါတယ်။ မြန်မာနိုင်ငံ ယူအက်စ်သံရုံးမှာ ကာကွယ်ရေး သံမှူးအဖြစ် တာဝန်ထမ်းခဲ့တဲ့ Brey Sloan က သူမ တာဝန်ထမ်းဆောင်စဉ် နှစ်တွေမှာ တိုင်းပြည်ပြောင်းလဲမှုအကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ် မင်းအောင်လှိုင်အထိ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုတွေအကြောင်း ပြောပြထားပါတယ်။ ဩစတီးယားယောဂီ Evie က ဆရာတော် ဦးပဏ္ဍိတ၊ ရွှေဥမင်ဆရာတော်နဲ့ ဆရာတော် ဦးတေဇနိယျကဲ့သို့ ဆရာများ လက်အောက်မှာ ၁၉၉၄ ထဲက တရားအားထုတ်ခဲ့သူပါ။ သူမတွေ့ကြုံခဲ့ရတဲ့ ဗမာ့လူအဖွဲ့အစည်းက သဒ္ဓါတရားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မြှင့်တင်ရေး အဆုံးအမတွေက သူမဘဝကို ဘယ်လိုပုံစံနဲ့ ပြောင်းလဲကြွယ်ဝသွားစေသလဲဆိုတာ ဆွေးနွေးထားပါတယ်။ 

အစီအစဉ်အဆုံးမှာတော့ Global Movement for Myanmar Democracy မှ လူငယ်အဖွဲ့ဝင်များဖြစ်တဲ့ Sandra, Jasmine, Saw နဲ့ Angie တို့ရဲ့ စကားဝိုင်းလည်း ထည့်သွင်းထားပါတယ်။ ကျွန်တော်တို့ podcast ကို ဒီအဖွဲ့နဲ့ပေါင်းပြီးတော့ ဧပြီလ ၂၄ ရက်နေ့မှာ စိတ်လှုပ်ရှားဖွယ် အစီအစဉ်တခု လုပ်သွားမှာပါ။ ကမ္ဘာတဝှမ်းက အနုပညာရှင်တွေက သူတို့ရဲ့ ဖန်တီးမှုတွေကို လှူဒါန်းထားပြီး ဒီကရတာ အားလုံး မြန်မာပြည်က လိုအပ်တဲ့ နေရာတွေဆီ လှူဒါန်းသွားမှာပါ။  

Shwe Lan Ga LayComment